ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ကုန်ကားသုံးစီး မီးလောင်ပျက်စီးနေ

ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် ကုန်ကားသုံးစီး မီးလောင်ပျက်စီးနေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်နှင့် သဲတော်ကျေးရွာအကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင် သြဂုတ်လ ၂၉ ရက် ညနေ ၇ နာရီခန့်က ကုန်တင်ကားသုံးစီးမီးလောင်ပျက်စီးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

သို့ ကားများမီးလောင်နေသည့်အကြောင်းကို ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်ထံသို့ ဒေသခံများမှ အကြောင်းကြားထားကြောင်းဆိုသည်။

“မနေ့က ည ၇ နာရီခွဲမှာဖြစ်တာတဲ့။ ကုန်ကားသုံးစီး စစ်တွေကိုအပြန်။ မနေ့ကတော့ ကျေးရွာသားတွေက မီးလောင်တာကိုမြင်တယ်။ သွားမကြည့်ရဲကြဘူး။ ဒီနေ့မနက်သွားကြည့်တော့ ကားသုံးစီးမီးလောင်နေတာကို တွေ့ရတယ်တဲ့။ လူအသေအပျောက်ကိုလည်း မတွေ့ရဘူးလို့ပြောတယ်” ဟု ဦးအောင်သန်းတင်က ပြောသည်။

အဆိုပါ ကုန်တင်ကားသုံးစီးမှာ ယိုးတရုပ်၏မြောက်ဘက် ဓါတ်အားခွဲစက်ရုံတည်ဆောက်မည့်နေရာအနီးတွင် ကျောက်တော်မြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ရှေ့မျက်နှာလှည့်ထားသည့် အနေအထားဖြင့် မီးလောင် ကျွမ်းပြီးပျက်စီးနေခြင်းဖြစ်ကြောင်း ယိုးတရုတ်ကျေးရွာမှ ကိုယ်တိုင်မြင်တွေ့ခဲ့သည့် အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးက ပြောသည်။

“ကားသုံးစီး မီးလောင်ထားတာကို တွေ့ခဲ့ရတယ်။ ကုန်တင်ကားတွေ အဲဒီမှာ ၂ စီးကတော့ ပြာကျနေတယ်။ နောက်ဆုံးတစ်စီးကတော့ ဦးခေါင်းပိုင်းနည်းနည်းကျန်တယ်။ ဖင်ပိုင်းကတော့ မီးလောင်သွားတယ်။ အဲဒီ ကားတွေက ကျောက်တော်ဘက်ကလာတာ ယိုးတရုပ်ဘက်ကို ဦးတည်နေတယ် ” ဟု ၎င်းကဆိုသည်။

မီးလောင်ကျွမ်းခဲ့သည့် ကုန်ကားသုံးစီးမှာ ၁၂ ဘီးကားများဖြစ်ကာ မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကို မသိရကြောင်းလည်း ၎င်းကပြောသည်။ ကားများမီးလောင်ရသည့်အကြောင်းအရင်းနှင့် ယာဉ်မောင်းသူများကို DMG မှ ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...