တိမ်ညိုစခန်းတွင် ICRC မှ စားနပ်ရိက္ခာအကူအညီများပြန်ရ

တိမ်ညိုစခန်းတွင် ICRC မှ စားနပ်ရိက္ခာအကူအညီများပြန်ရ

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်းအား ICRC မှ ဆန်ရိက္ခာထောက်ပံ့ပေးမှုများကို ရပ်တန့်ထားရန် ပြည်နယ်အစိုးရအဖွဲ့မှ မကြာမီကညွှန်ကြားခဲ့ရာ သြဂုတ်လ ၂၇ ရက်နေ့မှစတင်ကာ ICRC မှ ဆန်ရိက္ခာများ ကူညီမှုကို ပြန်လည်ရရှိခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု သုံးထောင်ခန့် ခိုလှုံနေထိုင်လျက်ရှိရာ ICRC မှ တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်စီ ထောက်ပံ့ပေးခဲ့ကြောင်း တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောသည်။

“မနေ့ကထောက်ပံပေးလာတယ်။ စားနပ်ရိက္ခာတော့ ကြပ်တည်းတယ်။ ICRC ကတော့ တစ်အိမ်ထောင်ကို ဆန်တစ်အိတ်စီထောက်ပံ့တယ်။ မိုးတွင်းရာသီဆိုတော့ ကူညီပေးမယ့်သူတွေလည်းနည်းတော့ သိပ်အဆင် မပြေဘူး” ဟု ၎င်းကဆိုသည်။

၎င်းစခန်းရှိဒုက္ခသည်များအတွက် ယခုလအတွင်းစားသုံးရန် ဆန်ရိက္ခာလုံလောက်မှုရှိသည်ဟုဆိုကာ ပြည်နယ် အစိုးရအဖွဲ့မှ ICRC ၏ ထောက်ပံ့မှုကို ရပ်တန့်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် စခန်းတွင် ဆန်အိတ် ၁၀၀ ကျော်သာရှိနေပြီး စစ်ဘေးရှောင်ဦးရေ သုံးထောင်ခန့်အတွက် တစ်လလျှင် ဆန်အိတ်တစ်ထောင်ကျော်မျှ ကုန်ကျမှုရှိသဖြင့် လုံလောက်မှုမရှိမည်ကို စခန်းတာဝန်ရှိသူများမှ စိုးရိမ်ခဲ့ ကြသည်။

ယခုအခါ ICRC မှ စားနပ်ရိက္ခာအကူအညီများပြန်လည်ရရှိခဲ့သဖြင့် စစ်ဘေးရှောင်များ စားသောက်ရေးအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၆ သောင်းကျော်အထိ ရှိလာကြောင်း စစ်ဘေးဒုက္ခသည်စာရင်းများကောက်ယူနေသည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံး(REC)မှ ယခုလအတွင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများမှ ဒုက္ခသည်များကိုကူညီရန် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ICRC နှင့် WFP အဖွဲ့နှစ်ခုကိုသာ ပြည်နယ်အစိုးရအဖွဲ့မှ သွားရောက်ကူညီရန်ခွင့်ပြုထားပြီး အခြားအဖွဲ့များကို ၎င်းဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...