တပ်မတော်က လမ်းပြအဖြစ်ခေါ်သွားသည့် ရသေ့တောင်ဒေသခံ ပြန်မရောက်သေး

တပ်မတော်က လမ်းပြအဖြစ်ခေါ်သွားသည့် ရသေ့တောင်ဒေသခံ ပြန်မရောက်သေး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာမှ ဒေသခံတစ်ဦးအား သြဂုတ်လ ၂၁ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုက လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီး ယနေ့ သြဂုတ်လ ၂၃ ရက်နေ့အထိ ပြန်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ချွတ်ပြင်ကျေးရွာမှ ကိုအောင်ဆန်း အသက် ၂၇ နှစ်မှာ ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့်နေရာတွင် ပုရစ်သွားတူးစဉ် တပ်မတော်က လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ချွတ်ပြင်ကျေးရွာသားတစ်ဦးက ဆိုသည်။

“ပုရစ်တူးပြီး ရွာကိုပြန်လာတဲ့အခါ ကားလမ်းမပေါ်မှာတွေ့ပြီးခေါ်သွားတယ်။ ညနေ ၅ နာရီလောက်မှာ သူ့မိသားစုတွေဆီကို ဖုန်းဆက်တယ်၊ သူ့ကို စစ်တပ်ကလမ်းပြဖို့ခေါ်သွားတယ်။ ပုရစ်တူးတဲ့ပစ္စည်းတွေကို ထားခဲ့တဲ့အကြောင်း ပြောခဲ့တယ်” ဟု အမည်မဖော်လိုသည့် ကျေးရွာသားက ပြောသည်။

လမ်းပြအဖြစ်ခေါ်ဆောင်ခံရသူ ကိုအောင်ဆန်းမှာ ယနေ့အချိန်ထိ နေအိမ်သို့ပြန်ရောက်လာခြင်း မရှိသေးသဖြင့် မိသားစုဝင်များမှာ စိုးရိမ်မှုများရှိနေကြပြီး စေတီပြင်ရဲစခန်းကို တိုင်ကြားထားကြောင်း သိရသည်။

ကိုအောင်ဆန်းအား လမ်းပြခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။

ယခင်ကလည်း တပ်မတော်စစ်ကြောင်းများက ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်မှုများရှိခဲ့သည်။

သြဂုတ်လ ၆ ရက်နေ့က ကျောက်တော်မြို့နယ် ခပေါ်ကျေးရွာမှ ရာအိမ်မှူးဦးလှမောင် ၃၅ နှစ်နှင့် ဆယ်အိမ်မှူး ဦးသောကြာအောင် ၅၁ နှစ်တို့ကို ၎င်းတို့ကျေးရွာနှင့် တစ်မိုင်ကျော်ဝေးသည့် မာလာကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခုမှ လမ်းပြခေါ်ဆောင်သွားစဉ် တောင်ကြားလမ်းတစ်နေရာတွင် မိုင်းနင်းမိပြီး ရာအိမ်မှူး ဦးလှမောင် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

သို့သော် တပ်မတော်စစ်ကြောင်းမှ ခေါ်ဆောင်သွားခြင်းမဟုတ်ဘဲ ၎င်းတို့နှစ်ဦးသည် တောထဲသွားရာမှ မိုင်းထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက DMG ကို ပြောသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...