ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဝန်ကြီးသစ်ခန့်အပ်

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဝန်ကြီးသစ်ခန့်အပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ တိုးချဲ့ဖွဲ့စည်းထားသော လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနအသစ်တွင် တနိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း ကို ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါသည်။

ယနေ့ သြဂုတ်လ ၁ရက်နေ့ ပြုလုပ်သည့် ကချင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဝန်ကြီးအသစ် ခန့်အပ်ရန်အတွက် ကန့်ကွက်သူရှိ မရှိ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော် ဥက္ကဌက မေးမြန်းခဲ့ရာ ကန့်ကွက်သူ မရှိသောကြောင့် အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိ NLD အစိုးရ ၃နှစ်တာ ကာလအတွင်း ရွေးကောက်ပွဲ ကြေညာစာတမ်းအရ လူ့စွမ်းအားအရင်း အမြစ်နဲ့ ပတ်သက်၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသောကြောင့် ကျန်ရှိသည့် ၁နှစ်ကျော် ကာလ ပြန်လည်လုပ်ဆောင်ရန် ဖြစ်ကြောင်းကို ဝန်ကြီးအသစ် ဦးဇော်ဝင်း က သုံးသပ် ပြောဆိုခဲ့သည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...