အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦးအပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

အမ်းမြို့နယ်ဓာတ်တော်ရွာမှ ခိုင်သုခဆွေမျိုးတစ်ဦးအပါအဝင်လူနှစ်ဦးကို စစ်တပ်ကခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဓာတ်တော်ကျေးရွာမှ ရက္ခိုင်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခ၏ ဆွေမျိုးတော်စပ်သူ တစ်ဦးအပါအဝင် လူနှစ်ဦးကို စစ်တပ်မှ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယခုအခါ ၎င်းတို့အား အမ်းမြို့ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သတင်းရရှိသည်။

ဓာတ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းက မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားကြောင်း နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ မနေ့က နံနက် ၈ နာရီ ၉ နာရီလောက်မှာ ခေါ်ယူသွားတာပါ။ ကျွန်တော်ဆီကိုတော့ အကြောင်းကြားပါတယ်။ ဒီလူ ဒီလူတွေကို မေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူသွားမယ်ဆိုပြီး အဲသလို အကြောင်းတာရှိပါတယ်။ ဘာကြောင့်ခေါ်ယူတယ်။ ဘာကြောင့် မေးမြန်းစရာရှိတယ်ဆိုတာတော့ မပြောပါဘူး။ မေးစရာရှိတယ်လို့ဘဲ ပြောပါတယ်” ဟု ၎င်းက ပြောကြားသည်။

ခေါ်ယူခြင်းခံရသူ ၃ ဦးမှာ ခိုင်သုခ၏ ယောက်ဖတော်စပ်သူ ရွာလယ်ပိုင်းမှ မောင်ဖြူသန်း၊ ရွာထိပ်မှ ဦးစံအောင်ကျော်နှင့် ပေါက်တောမြို့နယ်မှ ဦးရဲဘော်သူတို့ဖြစ်ကြောင်း ၎င်းကအတည်ပြု ပြောကြားသည်။

ဦးမောင်ဖြူသန်း၏ ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း စစ်ဆေးစရာရှိသည်ဟု ဆိုကာ ကားဖြင့် ခေါ်ယူသွားခြင်းဖြစ်ပြီး လောလောဆယ် အမ်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သတင်းရ၍ မိသားစုများ အမ်းသို့သွားနေကြောင်း ပြောကြားသည်။

အမ်းမြို့မရဲစခန်းမှူးသို့ ယနေ့နံနက် ၉ နာရီခွဲက ဖုန်းဆက်သွယ်ရာ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...