ဖမ်းဆီးအရေးယူခြင်းဖြင့် မူးယစ်ဆေးပြဿနာမဖြေရှင်းနိုင်

ဖမ်းဆီးအရေးယူခြင်းဖြင့် မူးယစ်ဆေးပြဿနာမဖြေရှင်းနိုင်

ဖမ်းဆီး အရေးယူမူ ပြုလုပ်ခြင်းသည် မူးယစ်ဆေးကျဆင်းရေး ပြသာနာကို ဖြေရှင်းသည့်နည်း မဟုတ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး စကားဝိုင်းတွင် ဝိုင်းမော် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းကျော်က ပြောဆိုသည်။

ဇွန်လ ၂၂ရက်နေ့ ဝိုင်းမော် ေရွှေညာင်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်သည့်် ကျေးလက်စကားဝိုင်း ဟောပြောပွဲတွင် မူးယစ်ဆေးလျော့ချရေး ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

" ကျနော်တို့ ရမ်းဖမ်းဆီးချင်လို့ ဖမ်းတာမဟုတ်ဘူး။ ကလေးတွေဆိုလည်း ဖမ်းလို့ရတယ် ကလေးဥပဒေရှိတယ်။ ဒါပေမယ့် ရေရှည်မှာ သူတို့ဘဝရှေ့ရေးရှိတယ်။ အဓိကတော့ ဒေသခံတွေ ပြည်သူတွေအားလုံး အသိတရားလေးတွေနဲ့ ပါဝင်စေချင်တယ်။ " ဆိုပြီး ၎င်းကပြောသည်။

ယင်းဆွေးနွေးပွဲသူ ပါဝင်ဆွေးနွေးသွားသည့် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ သိန်းမြို့ ကလည်း ၎င်းအနေနဲ့ မူးယစ်ကင်းစင်နယ်မြေ ရှိလာစေဖို့ အားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့သည်။

ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ညိုလှကလည်း" ကျမတို့ရွာမှာက တစ်ရွာလုံးနီးပါးမူးယစ်ဆေးသုံးကြတယ် ။ ဒီနေ့ဒီမှာရောက်ရှိနေကြတဲ့ ရပ်မိရပ်ဖ ဆယ်အိမ်မှူးးတွေလောက်ဘဲကျန်တော့တယ်။ ရဲဌာနတစ်ခုတည်းနဲ့ဘဲ ဖမ်းလို့မရတော့ အုပ်စုလိုက်ကို ရောင်းနေကြပြီ။ ဌာနဆိုင်ရာအနေနဲ့ ဒေသခံရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်စေချင်တယ်။ " ဟုဆိုသည်။

လက်ရှိ မြန်မာနိုင်ငံသည် မူးယစ်ဆေးသုံးစွဲသည့် နိုင်ငံများ အနက် ဒုတိယနေရာရှိနေပြီး မြန်မာနိုင်ငံထဲမှ ကချင်ပြည်နယ်သည် ပထမအဆင့်ရောက်ရှိနေကြောင်း စစ်တမ်းများအရ သိရသည်။

ယခုနှစ် အတွင်းဝိုင်းမော်မြို့နယ်တွင် မူးယစ်ဆေးအမူ စုစုပေါင်း တစ်ရာ ကျော်ရှိနေပြီ ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...