မြစ်ကြီးနား Trinity စစ်ရှောင်စခန်းတွင် ရေရှားပါးမှုဒဏ် ကြုံတွေ့နေရ

မြစ်ကြီးနား Trinity စစ်ရှောင်စခန်းတွင် ရေရှားပါးမှုဒဏ် ကြုံတွေ့နေရ

မိုးရာသီ ရောက်ပြီ ဖြစ်သော်လည်း မြစ်ကြီးနား ပလန ကျေးရွာ Trinity Camp စစ်ရှောင်စခန်းတွင် ခိုလှုံနေသော အင်ဂျန်းယန် စစ်ရှောင် ပြည်သူများသည် ရေရှားပါးမှုဒဏ် ကြုံတွေ့နေကြရကြောင်း သိရပါသည်။

“ရေတွင်းတစ်ခုဘဲရှိတော့ အဆင်မပြေဘူး။ အဲရေတွင်းလည်း ခနနဘဲရေစုပ်လို့ရတယ်။ ၁၅မိနစ်လောက်ဆို မရတော့ဘူး။ သောက်ရေနဲ့ ထမင်းချက်စားဖို့ရေကိုကျတော့ ဒီအနီးမှာရှိတဲ့ ဘုရားကျောင်းကနေ သုံးဘီးကနေ သွားခပ်ပေးတယ်။ ဒါပေမယ့် လုံလောက်မူမရှိဘူး။ ရေချိုးကြတာတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှာ သွားချိုးကြတယ်” ဆိုပြီး စခန်းတာဝန်ခံ တစ်ဦး ဆရာဘရန်ရှောင်က ဆိုပါသည်။

အိမ်ခြေ ၁၇၀ ရှိသော ထို စစ်ရှောင်စခန်းတွင် ရေတွင်း တစ်ခုသာရှိသောကြောင့် စစ်ေရှောင်တာဝန်ခံများအနေဖြင့် တစ်ရက်လျှင် ၈ ကြိမ်ခန့် သုံးဘီးဖြင့် ခပ်ပေးနေသော်လည်း ပြဿနာ မဖြေရှင်းနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ ယင်းစစ်ရှောင်စခန်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ကူညီဆောင်ရွက်နေပြီး လက်တွေ့လုပ်ငန်းလုပ်ဆောင်ရာတွင် Mega City ကုမ္မဏီမှ အဝီစိတွင်းတူးဖို့ရန် စီစဉ်နေသော်လည်း ရေကြော အောင်မြင်မူ မရှိသောကြောင့် ရေတွင်းတူးရာတွင် အဆင်မပြေမူများ ရှိနေကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။

“သုံးဘီးကနေဘဲ ခပ်ပေးတာဆိုတော့ သွားတန်းစီပြီး လုခပ်ရတယ်။ ကျမတို့လို ကလေးနဲ့ ဘာနဲ့ အလုပ်မအားတဲ့ချိန်ဆိုတော့ သွားပြီးလုခပ်ရတာ အဆင်မပြေဘူး။ ရေမရှိတဲ့အတွက် ချွေတာပြီးတော့ဘဲ သုံးရတယ်။ သုံးဘီးကနေခပ်ပေးတဲ့ရေ မလောက်တဲ့အတွက် ဒီအနီးနားအိမ်တွေမှာ သွားခပ်ပြန်တော့လဲ ြကိမ်ဖန်များလာတော့ အိမ်ရှင်တွေလည်း စိတ်ဆိုးလာကြတယ်။ ရေမရှိတော့ အရမ်းခက်ခဲတယ်။” ဟု စစ်ရှောင်တစ်ဦးဖြစ်သည့် ဒေါ်ရွယ်ဂျာက ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းသည် ယခင် Trinity နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းတွင် ရှိနေခဲ့ရာမှ လွန်ခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင်ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ရေရှားပါးမူကြုံတွေ့ရသည်မှာ ၆ လခန့်ကြာမြင့်လာပြီဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံများက ဆိုသည်။

သက်ဆိုင်ရာဌာနများမှ စစ်ရှောင်စခန်းသို့လာရောက်ကြည့်ရူစဉ် စစ်ရှောင်တာဝန်ခံများအနေနဲ့ ယင်းရေရှားပါးသည့်ပြသာနာကို နှုတ်ဖြင့်တင်ပြခဲ့ဖူးသော်လည်း ယနေ့ချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်မူ မရှိသေးကြောင်း သိရသည်။

ထို့ကြောင့် Trinity စစ်ရှောင်စခန်းမှ ပြည်သူများအနေနဲ့ ၎င်းတို၏ ရေရှားပါးမူပြသာနာကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံးကူညီဆောင်ရွက်ပေးရန် မျှော်လင့်နေကြသည်။

January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...