တရုတ်နိုင်ငံသား ၁၁ ဦးကို ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်ငံသား ၁၁ ဦးကို ပြည်နှင်ဒဏ်ပေး

ဝိုင်းမော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော တရုတ်နိုင်ငံသား ၁၁ ဦးကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန လ.ဝ.က ဥပဒေအရ ယနေ့ ဇွန်လ ၁၃ရက်နေ့ ပြည်နှင်ခဲ့ကြောင်းသိရပါသည်။

တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသော ၁၁ ဦးအနက် ၁၀ ဦးမှာ မေလ ၂၆ရက်နေ့ ဆဒုံးမြို့ စုေပေါင်းဂိတ်တွင် အထောက်အထားမပါဘဲ ဝင်ရောက်လာသူများဖြစ်ပြီး ၁ ဦးမှာ ယဉ်တိုက်မှုဖြင့် လ.ဝ.က မှ အရေးယူထားသူဖြစ်ကြောင်း သိရပါသည်။

ပြည်နှင်ခံရသော ၁၁ဦး ကို လ.ဝ.က ပုဒ်မ ၁၃(၁)အရ တစ်ဦးလျှင် ဒဏ်ငွေအဖြစ် မြန်မာကျပ်ငွေ ၅သိန်းစီ ပေးဆောင် စေပြီး ဖြစ်ကြောင်းလည်း သိရပါသည်။

“ဒီကနေ့ တရုတ်နိုင်ငံသား ၁၁ဦးကိုက ပြည်နယ် မိန့်ရလို့ လွတ်လိုက်တာဖြစ်တယ်။ ဖြစ်စဉ်က ဒီထဲမှာ ၁၀ဦးကိုက ဆဒုံးစုပေါင်းဂိတ်မှာ နိုင်ငံကူးအထောက်အထားမပါလို့ ဖမ်းဆီးထားတာဖြစ်တယ်။ နောက် ၁ယောက်ကတော့ ယဉ်တိုက်မှုကြောင့်ပါ။ ဒီ ၁၁ဦးကတော့ လ.ဝ.က အမိန့်ချပြီးမှ ယခုက ပြည်နယ်မိန့်နဲ့ဆောင်ရွက် ပေးတာပါ”ဟု ဝိုင်းမော်မြို့နယ် လဝက ရုံးမှ သိရပါသည်။

ထို့အပြင် သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်ကျူးကျော်လုပ်ကိုင်နေသူများနှင့် သက်တမ်းကုန် နေထိုင်မှုကြောင့် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၁၂ ဦးကို လက်ရှိ ဝိုင်းမော်မြို့နယ် မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရပါသည်။

“သစ်တောကြိုးဝိုင်းအတွင်း တရားမဝင်ပြုလုပ်နေတဲ့ လုပ်ငန်းရှင်ကုမ္ပဏီများကို ဖမ်းဆီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်။ ကျနော်တို့အနေနဲ့က ကြိုးဝိုင်းအတွင်းမှာ ကျူးကျော်နေတယ် ဆိုရင်က ဥပဒေအရ ဆောင်ရွက်ရမှာဘဲ။ ယခုဆိုရင် သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်နေတဲ့ ကုမ္ပဏီ ၅ခုကို မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်”ဟု မြို့နယ် သစ်တောဦးစီးမှူး ပြောဆိုခဲ့ပါသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်ကျူးကျော်ကာ စိုက်ပျိုးရေးလုပ်ကိုင်နေသော မလိခ နဂါး၊ မျိုးဆက်ကြယ်ပွင့်၊ လွယ်ငုဘွမ့်၊ ရှိုန်းသာ၊ ဂျိန်းဖော့နဒီ စသောကုမ္ပဏီများကိုလည်း မြို့နယ် သစ်တော ဦးစီးဌာနမှ သစ်တောဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...