ကျောက်တော်မြို့နယ် ဖက်ဝန်းချောင်းရွာသားတစ်ဦး မိုင်းနင်းမိပြီးဒဏ်ရာရ

ကျောက်တော်မြို့နယ် ဖက်ဝန်းချောင်းရွာသားတစ်ဦး မိုင်းနင်းမိပြီးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သလူချောင်းအုပ်စု၊ ဖက်ဝန်းချောင်းကျေးရွာမှ ရွာသားတစ်ဦး ယနေ့ နံနက်ပိုင်း က မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါမိုင်းနင်းမိသူမှာ ဖက်ဝန်းချောင်းကျေးရွာမှ ဦးထွီးလင်း၏သား ရဲထွန်း (၃၉)နှစ်ဖြစ်ကြောင်း သလူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက နိရဉ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

သူက “ဟုတ်ပါတယ်။ သူက ဒီနေ့မနက်ပိုင်းက တောထဲကို ဟင်းရှာ ဟင်းခူးသွားတယ်လို့သိရပါတယ်။ သွားတဲ့ အချိန်မှာ နင်းမိသွားတာလို့ သိရပါတယ်” ဟုပြောသည်။

ဇွန်လ ၁၁ ရက် နံနက်ပိုင်း ၈နာရီခန့်က ရွာ၏အနောက်ဘက် တောဖျားချောင်းထဲသို့ မျှစ်ခူးရန်သွားစဉ် ထိုသို့ နင်းမိခဲ့ခြင်းဖြစ်ပြီး ညာဘက်ပေါက် ခြေသလုံးအထက် နှင့် ဘယ်ဘက်ပေါင် တို့တွင် ဒဏ်ရာများ ရရှိသွားကြောင်း ၎င်း၏လုပ်ဖော်ကိုင်ဖက်တစ်ဦး အောင်သိန်းညွန့်က ပြောသည်။

၎င်းက “ သွားတာက သူတို့လင်မယားနှစ်ယောက်သွားကြတာပါ။ သွားတဲ့အချိန်မှာ လင်က ရှေ့ကနေ သွားတယ်။ သူမိန်းမက သူနဲ့ ဝါးသုံးပြန်လောက်အကွာက လိုက်လာတာပါ။ သူ့မိန်းမတော့ ဘာမှမဖြစ်ဘူး”ဟု ၎င်းကပြောသည်။

မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားသူမှာ ခမီးတိုင်းရင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ၎င်းအား ကျောက်တော်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဒေသခံ ဌာနေတိုင်းရင်းသားများသည် တောတောင်ကိုမှီ၍ လုပ်ကိုင်စားသောက်ကြသူများဖြစ်ကာ ထိုသို့ မကြာခဏ ဆိုသလို မိုင်းနင်းမိပြီး ဒဏ်ရာရရှိမှုများ ရှိနေကြသည့် အတွက် လုပ်ကိုင်စားသောက်ရန် စိုးရိမ် ကြောက်လန့်မှုများ ရှိနေကြောင်း ဒေသခံများကပြောသည်။

April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...