ဖားကန့်ဝှေခါကျေးရွာဒေသခံများဆန္ဒပြမှုပေါ် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းအား အားရမှု မရှိသေးဟုဆို

ဖားကန့်ဝှေခါကျေးရွာဒေသခံများဆန္ဒပြမှုပေါ် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းအား အားရမှု မရှိသေးဟုဆို

ဖားကန့်၊ ဝှေခါကျေးရွာ ရပ်ကွက် ၆ မြေစာပုံပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များကို ကုမ္ပဏီများက လျော်ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်နေမှုပေါ် ကျေနပ် အားရမှုမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။

မေလ ၂၅ ရက်နေ့ ဝှေခါအုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီ ၃ ခုမှ တာဝန်ရှိသူများ၊ ဒေသခံများ ညိနှိုင်းသဘောတူညီချက်အရ ပျက်စီးသွာသည့် အိမ်ထောင်စု၂၇အိမ်ကို ကုမ္ပဏီများဘက်မှ နဂိုမူလအတိုင်း ပြန်လည် လုပ်ဆောင်ပေးရန်နှင့် ၁ အိမ်ထောင်လျှင် မြန်မာကျပ်ငွေ ၅ သိန်းတိတိပေးရန် ဖြစ်သော်လည်း လက်ရှိတွင် ရတနာသိန်းရွှေ ကုမ္ပဏီ ၁ ခုတည်းသာ ဆောင်ရွက်ပေးနေသောကြောင့် လုပ်ငန်း ကြန့်ကြာနေသည့်အပြင် ငွေကျပ် ၅ သိန်းကိုလည်း ပေးလျှော်ခြင်း မရှိသေးကြောင်း ဒေသခံ ဦးဇော်ဦး ကချင်သတင်းဌာန KNG သို့ပြောဆိုပါသည်။

“ပျက်စီးသွားတဲ့ အိမ်တွေကို မြေဖို့တာတို့က လုပ်နေတယ်။ ဒါပေမယ့် အစတုန်းက မြို့နယ်လူကြီးတွေနဲ့ဆွေးနွေးတုန်းကတော့ ကုမ္ပဏီ ၃ခုက လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ အခုက ရတနာသန်းရွှေ ကုမ္ပဏီ ၁ခုသာလုပ်ပေးနေတယ်။ သူတို့က ပြောထားတဲ့အတိုင်းမလုပ်ပေးဘူး။ ကျနော်တို့က အမြန်လုပ်ပေးစေချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခုနောက်ပိုင်းက မိုးလည်းကျတော့မယ်။ ဒါကို သူတို့ဘက်ကနေ အားရလုပ်ပေးစေချင်တဲ့စေတနာမရှိဘူး” ဟုပြော ဆိုသည်။

၂၀၁၉ ဖေဖော်ဝါရီလဆန်းပိုင်း ရတနာသန်းရွှေ ၊ ကျောက်စိမ်းမြေ နှင့် မြန်မာ့ဂုဏ်ရည် စသည့် ကုမ္ပဏီ ၃ခုက ကျေးရွာအတွင်းမြေစာပုံချခြင်းကြောင့် လူနေအိမ်များ ၂၇အိမ်ခန့် ပြိုကျပျက်စီးသွားခဲ့သည့်အတွက် ဒေသခံများ မေလ ၂၃ရက်နေ့ လမ်းပိတ် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...