သေနတ်သံများကြောင့် ရသေ့တောင်နယ်မှ ရွာသားများထွက်ပြေး

သေနတ်သံများကြောင့် ရသေ့တောင်နယ်မှ ရွာသားများထွက်ပြေး
by -
ခိုင်လူလှ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အစပ် ကျောက်ပြင်ဆိပ်၊ ဈီးခေါင်း ကျေးရွာအနီးမှ လက်နက်ကြီးပစ်ခတ်သံနှင့် အတူ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ဈီးခေါင်းရွာသားများသည် အနီးအနားရှိ ရက္ခုံတိုင် (ခ) ကုန်တန်းကျေးရွာသို့ ထွက်ပြေးလာကြသည်ဟု ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ဒီကနေ့ နံနက် ၆ နာရီကျော်က စစ်တပ်ကနေ ပစ်ခတ်တယ်ထင်ပါတယ်။ ရွာအနီး လက်နက်ကြီး သုံးလေးချက်နဲ့ လက်နက်ငယ် ပစ်ခတ်သံတွေ ထွက်လာတော့ ရွာသားအားလုံး အကုန်လုံး ထွက်ပြေးလာကြပါတယ်။ ဒီကနေ့ မနက် ၆ နာရီ ကျော်လောက်မှာဖြစ်တာပါ။ အခု ကုန်တန်း (ရက္ခုံတိုင်) ကျေးရွာကို ရောက်နေကြပါတယ်” ဟု ဈီးခေါင်းကျေးရွာ လူကြီး တစ်ဦးက ပြောဆိုသည်။

ဈီးခေါင်းကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး သက်ကြီးရွယ်အို ဆယ်ကိုးဦးမှအပ တစ်ရွာလုံး ထွက်ပြေးလာကြသည်ဟု ၎င်းက ပြောဆိုသည်။

ကုန်တန်းကျေးရွာသို့ ရောက်ရှိနေသူ အမျိုးသမီး တစ်ဦးက “ ထွက်ပြေးလာကြတာက ဈီးခေါင်းရွာ၊ ကျောက်ပြင်ဆိပ်နှင့် သိုင်းတပုတ်ကျေးရွာတွေက ဖြစ်ပါတယ်။ အခု ဒီကုန်တန်း (ခ) ရက္ခုံတိုင်မှာ ရောက်နေတာ လူပေါင်း တစ်ထောင်ကျော်လောက် ရှိမယ်ထင်ပါတယ်။ ကြောက်လို့ အကုန်လုံး ထွက်ပြေးလာကြပါတယ်” ဟု ပြောဆိုသည်။

ယမန်နေ့ မေလ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဘူးသီးတောင်မြို့နယ် ကျောက်ပြင်ဆိပ်မှ ရသေ့တောင်မြို့နယ် ဈီးခေါင်းသို့ ကူးတို့လှေဖြင့် ချောင်းကို ဖြတ်ကူးသည့် တပ်မတော်စစ်ကြောင်း တစ်ခုကို ရက္ခိုင်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ အနီးဝန်းကျင်တွင် သေနတ်ပစ်ခတ်မှုများ မကြာမကြာ ဖြစ်ပေါ်နေသည်ဟု ရွာသားများက ပြောသည်။

အမည်မဖော်လိုသူ ဈီးခေါင်းရွာသား တစ်ဦးက “ တိုက်ပွဲ ဖြစ်တယ်ဆိုတာ အသံကို ကြားရတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မသိပါ။ ကူးတို့လှေကို ပစ်တယ်လို့ ကြားရပါတယ်။ မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဖြစ်တာပါ။ တိုက်ပွဲ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ ရွာသားတွေ ကြောက်ပြီး ထွက်ပြေးရပါတယ်။ ညနေပိုင်းကျတော့ အေးဆေးသွားပြီဆိုပြီး ရွာကို ပြန်လာကြပါတယ်။ ဒီနေ့ မနက်မှာ တစ်ခါ ရွာအနီးက သေနတ်ပစ်ခတ်သံတွေ ထွက်လာတဲ့ အတွက် ကုန်တန်းရွာကို ထွက်ပြေးလာခဲ့ရပါတယ်” ဟု ပြောကြားသည်။

ဈီးခေါင်းရွာတွင် ယခင်ကတည်း စစ်ဘေးရှောင် တစ်ချို့ တစ်ခြား ကျေးရွာများမှ ရောက်ရှိနေထိုင်နေပြီး မနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် သူတို့ပါ ဈီးခေါင်းရွာမှ ရက္ခုံတိုင် (ကုန်တန်း) ကျေးရွာသို့ ထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။

နောက်ဆုံး ရရှိသော သတင်းအရ အခင်းဖြစ်ပွားခဲ့ရာ ကျောက်တန်းရွာသို့ တပ်မတော် စစ်ကြောင်းထိုးလာသည်ဟု သတင်းများထွက်ပေါ်လာသဖြင့် ကျောက်တန်းရွာသားများလည်း ထွက်ပြေးနေကြသည်ဟု ရွာသားတစ်ဦးက ပြောကြားသည်။

May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...