ကျောက်တော်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်တပ်ခေါ်ဆောင်သွား

ကျောက်တော်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို စစ်တပ်ခေါ်ဆောင်သွား
by -
ခိုင်လူလှ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်တို့ကို စစ်တပ်က မေလ ၂၉ ရက် ညနေ ၄ နာရီခန့်က ခေါ်ဆောင်သွားသည်ဟု သတင်းရရှိသည်။

ခေါ်ယူခံရသူ မင်းသားတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော် (၅၁) နှစ်နှင့် ရွာသားတစ်ဦးဖြစ်သူ အသက် ၅၀ ကျော် အရွယ် ဦကျန်းသိန်းအောင်ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး သမီးဖြစ်သူ မအေးလှရီက “ မနေ့က ညနေ ၃ နာရီကျော်၊ ၄နာရီလောက်မှာ ခေါ်ယူ သွားတာပါ။ ၅၃၆ က ဗိုလ်ကြီးနဲ့ တွေ့ဆုံပေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ။ ခေါ်သွားတာက တပ်ကတော့ ၅၅၊ ၉၉ ပူးပေါင်းတပ်ဖွဲ့လို့ သိရပါတယ်။ ခေါ်တုန်းကတော့ ပေါက်တောရွာဘက်ကို ခဏဆိုပြီး ခေါ်သွားတာပါ။ အခုအချိန်ထိ ပြန်မရောက်သေးပါဘူး။ မိသားစုတွေက စိုးရိမ်နေကြပါတယ်” ဟု ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က ဆက်သွယ် ပြောကြားသည်။

ယနေ့နံနက်ထိ ရွာသို့ ပြန်မရောက်လာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်၏ ဇနီးဖြစ်သူနှင့် ရပ်ရွာလူကြီးများမှာ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံရန် သွားရောက်နေကြသည်ဟု သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဖုန်းဖြင့် ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...