KIA တပ်ရင်း (၃၆)ဌာနချုပ် ကို မြန်မာအစိုးရတပ် သိမ်းပိုက်

KIA တပ်ရင်း (၃၆)ဌာနချုပ် ကို မြန်မာအစိုးရတပ် သိမ်းပိုက်

သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြန်မာအစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) ဌာနချုပ်ကို တနင်္လာနေ့ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA က အတည်ပြုပြောပါသည်။

Mungbaw (မုန်ဘော်)ကျေးရွာအနီး KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) ဌာနချုပ် စခန်းများရှိသည့် Howa ရွာဟောင်း နှင့် Howa Bum တောင်ကို မြန်မာစစ်တပ် တပ်မ (၉၉)မှ ဧပြီလ (၂၂)ရက်နေ့ ညနေပိုင်းက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

“ယမန်နေ့ည ၅နာရီ ၁၀မိနစ် လောက်မှာ KIA တပ်ရင်း (၃၆) ဌာနချုပ်စခန်းတွေအားလုံး လက်လွတ်လိုက်ရပါပြီ။ ကျနော်တို့ စခန်းတွေရှိတဲ့ Howa ရွာဟောင်း၊ တပ်ရင်းမှူးထိုင်တဲ့ Ting Sa Kawng နဲ့ Wudang Bum အားလုံးမှာ အစိုးရတပ်တွေ ဝင်ရောက်စခန်းချနေပါပြီ” ဟု နာမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိတစ်ဦး အင်္ဂါနေ့ ကချင်သတင်းဌာန KNG ကို ပြောသည်။

အဆိုပါစခန်းများကို တပ်မတော် စစ်ကြောင်း (၃)ကြောင်းဖြင့် သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် KIA တပ်များ ဆုတ်ခွာပေးရခြင်းဖြစ်သည်ဟု ဆိုပါသည်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာလည်း Manjang ကျေးရွာအနီး KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉)ဌာနချုပ်ကို သိမ်းပိုက်ရန် ယခုချိန် တပ်မတော် စစ်အင်အား ၃၀၀ခန့်ကို Dima ကျေးရွာတွင် စုစည်းထားကြောင်း KIA တပ်မဟာ (၆)က ဆိုပါသည်။ Manjang ဘက်သို့ တပ်မ (၉၉) လက်အောက် ခမရ (၄၁၈)စစ်ကြောင်း တက်လာခြင်းကြောင့် ဧပြီလ (၁၈)ရက်နေ့ KIA တပ်ရင်း (၉)နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တပ်မတော်၏ ၄လကြာ တဖက်သတ် ထိုးစစ်ရပ်ထားခြင်း ကုန်ဆုံးမည့် ဧပြီလ (၃၀)ရက်နေ့တွင် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ ကချင် KIA၊ တအောန်း TNLA၊ ရခိုင် AA နှင့် ကိုးကန့် MNDAA ကိုယ်စားလှယ်အဖွဲ့များ bilateral အပစ်ရပ်ကိစ္စ တွေ့ဆုံကြမည်ဖြစ်သည်။

သို့သော်လည်း ယင်းဆွေးနွေးပွဲ မတိုင်မီ တပတ်အလို တပ်မတော်က ၎င်း၏ထိုးစစ်ရပ်ထားခြင်း ထုတ်ပြန်ချက်ကို ချိုးဖောက်ကာ KIA တပ်ရင်း (၃၆)ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းလည်း ဖြစ်သည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...