ကချင်စစ်ရှောင်ကလေးများ ဂျပန် နိုင်ငံတကာ ကာရာတေး ပြိုင်ပွဲမှာ ဝင်ပြိုင်မည်

ကချင်စစ်ရှောင်ကလေးများ ဂျပန် နိုင်ငံတကာ ကာရာတေး ပြိုင်ပွဲမှာ ဝင်ပြိုင်မည်

ကျိုရှင်းကာရာတေး ချန်ပီယံ ကချင်စစ်ရှောင်ကလေးများ ဂျပန်နိုင်ငံမှာ ပြုလုပ်မည့် နိုင်ငံတကာချစ်ကြည်ရေး ကာရာတေးပြိုင်ပွဲ (IKO FRIENDSHIP TOURNAMENT) ကို မကြာမီ သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

ယခုပြုလုပ်ကျင်းမည့် ပြိုင်ပွဲကြီးကို ဧပြီလ ၂၀ရက်မှ ၂၁ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ကချင်လူငယ် ၄ဦး သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုကို ၃လခန့် လေ့ကျင့်ခဲ့ပြီး ဧပြီလ ၁၆ရက်နေ့ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။

ထိုသို့ ကချင်လူငယ် ၄ဦးတို့ ဂျပန်သို့ သွားရောက်ယှဉ်ပြိုင်ရသည့်အပေါ် ၂၀၁၈ စက်တင်ဘာလ ၈ရက်နေ့တွင် စင်ကပူနိုင်ငံတွင်ပြုလုပ်ကျင်းပသည့် အာရှ(၁၀)နိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲမှာ ချန်ပီယံရရှိသောကြောင့် ယခုသွားရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု မြစ်ကြီးနား Zai Wunpawng Kyokushin Club ကျိုရှင်းကာရာတေးနည်းပြ တာဝန်ခံ ဦး Bwilap Ying Bawm က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပြသည်။

 

“အခုပြုလုပ်မယ့် ပြိုင်ပွဲက ဂျပန်မှာဖြစ်တယ်။ ဒီကျိုရှင်းကာရာတေးပွဲက တော်တော်အဆင့်မီတဲ့ ပြိုင်ပွဲတစ်ခုဖြစ်တယ်။ ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့က တော်တော်ခက်ပါတယ်။ ကျနော်တို့ရဲ့ ကလေး ၄ယောက်က စင်ကာပူပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သည့်အတွက် ပြိုင်ပွဲနဲ့ပတ်သက်တဲ့ မြန်မာပြည် ဥက္ကဌ က ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်ပေးရတာပေါ့” ဟု ဆိုသည်။

ယခုချိန် ကျိုရှင်းကာရာတေးအားကစားကို အစိုးရပံ့ပိုးကူညီမှု အလွန်အားနည်းသောကြောင့် Zai Wunpawng Kyokyushin Club က ကိုယ်တိုင်ရပ်တည်နိုင်ရေးအတွက် ကြိုးစားနေရသည်ဟု Bwilap Ying  Bawm က ဆက်လက် ပြောပါသည်။

ဂျပန်နိုင်ငံသို့ ကျိုရှင်းကာရာတေးသွားရောက်ယှဉ်ပြိုင်မည့် ကာရာတေးချန်ပီယံ ကချင်လူငယ် ၄ဦးမှာ မြစ်ကြီးနား ရွှေစက်စစ်ရှောင်စခန်းမှ ၁၆နှစ် Shy. Seng Nu (မဆိုင်းနူး)၊ ဒူကထောင်စစ်ရှောင်စခန်းမှ အသက် ၁၆နှစ် Shd. Ja La (မောင်ဂျာလ)၊ တပ်ကုန်းရပ်ကွက်မှ အသက် ၁၇နှစ် Shy. San Mai Nu (မဆန့်မိုင်နူး) နှင့် Shd. Labang Seng Lat Awng (မောင်လဘန်ဆိုင်းလတ်အောင်) တို့ ဖြစ်ကြသည်။

လက်ရှိဂျပန်နိုင်ငံတွင်ပြုလုပ်ကျင်းပမည့် ကျိုရှင်းကာရာတေးအားကစားယှဉ်ပြိုင်ပွဲမှာ တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး ဥရောပ၊ မြောက်အမေရိက၊ အာရှ၊ အာဖရိက စသော နိုင်ငံများမှ ကစားသမား ၁၀၀၀ ကျော် လာရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Most read this week

June 16, 2026
ဖားကန့် ၊ ဆယ်ဇင်းကျေးရွာမှာ ဥရုချောင်းရေကြီးရေလျှံဖြစ်ပြီး လူနေအိမ်တွေအပါ...
June 15, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု၊ ယူမာကျေးရွာ...
June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...