အဖမ်းခံ ABSDF မြောက်ပိုင်း ရဲဘော် (၃)ဦးအမှု ရုံးထုတ် စစ်ဆေး

အဖမ်းခံ ABSDF မြောက်ပိုင်း ရဲဘော် (၃)ဦးအမှု ရုံးထုတ် စစ်ဆေး

အဖမ်းခံ ABSDF မြောက်ပိုင်း ရဲဘော် (၃)ဦးကို ဧပြီလ ၄၊ ၂၀၁၉ ရက်နေ့ မိုးညှင်းမြို့ တရားရုံးရှေ့တွေ့ရပုံ

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ၏ ဒုတိယ တာဝန်ခံ ကိုအောင်ဆွေဦး အပါအဝင် ၃ဦးအမှုကို ဗုဒ္ဓဟူးနေ့ ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ၃ ဦးအား ကချင်ပြည်နယ်၊ မိုးညှင်းမြို့တရားရုံးတွင် ၄ ရက်ဆက်တိုက်ရုံးထုတ်ပြီး ဧပြီလ ၄ ရက်နေ့တွင် ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲအပါဝင် ၃ ဦးကို တရားခံပြသက်သေအဖြစ် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီ ၈ ရက်နေ့မှာ နှစ်ဖက်တရားရေးဆိုင်ရာ ရှေ့နေတွေ နှစ်ဖက်ဥပဒေရေးရာအရ နှစ်ဖက် အပြီးသတ်လျှောက်လွှဲကြရမယ်၊ ပြီးရင် အမိန့်ချမှာဖြစ်တယ်လို့”  ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ က KNG ကချင်သတင်းဌာန ကို ယခုလိုပြောသည်။

 

ယင်းအမှုနှင့်ပတ်သက်ပြီး ယခုအကြိမ်သည် ၁၇ ကြိမ်မြောက် ရုံးထုတ်ခြင်းဖြစ်ပြီး ချုပ်ရက် စုစုပေါင်း ၄ လ ကြာမြင့်ခဲ့ကြောင်းသိရသည်။

ကိုအောင်ဆွေဦး အပါအဝင် ABSDF အဖွဲ့ဝင် ရဲဘော် မောင်ဦးနဲ့ ဦးမောင်ကိန်း(ခ) သန်းထိုက်အောင် တို့ကို ၂၀၁၈  နိုဝင်ဘာလ ၃၀ ရက်ညက မိုးညှင်းမြို့ခံ ရဲဘော်တဦးရဲ့ နာရေးကို လာရောက်စဉ် မိုးညှင်း အခြေစိုက် မြန်မာစစ်တပ် ခလရ(၁၅)က ဗိုလ်ကြီး ဦဟစိုး က ဖမ်းဆီးပြီး မတရား အသင်းဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁)ကို ကျူးလွန်သည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၂ နှင့် ငွေဒဏ် ကျပ် ၃ သိန်း ချမှတ်နိုင်မည်ဖြစ်သည်။

May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...