ကချင်ရိုးရာ ပန်းချီကားများ မြစ်ကြီးနားတွင် စတင် ပြသ

ကချင်ရိုးရာ ပန်းချီကားများ မြစ်ကြီးနားတွင် စတင် ပြသ

ကချင်အနုပညာရှင်အသင်းချုပ်မှ ပြုလုပ်သော ပထမအကြိမ် ပန်းချီပြပွဲ အခမ်းအနားကြီးကို မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမတွင် ဧပြီလ ၂ရက်နေ့မှ စတင်ပြီး ၅ရက်နေ့ထိ ပြုလုပ်သွားမည် ဖြစ်သည်။

 

ပန်းချီပြပွဲကို အဓိကပြုလုပ်ရခြင်းမှာ ကချင်အနုပညာအသင်းမှ ကဏ္ဍပေါင်းစုံ ပိုမိုတိုးတက် ကောင်းမွန်လာစေရန်နှင့် ကချင်ပြည်နယ်အတွင်းရှိ ပန်းချီအနုပညာကို ချစ်မြတ်နိုးသော လူငယ်များအခွင့်အလမ်းများ ရှိလာစေရန်ရည်ရွယ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်သည်ဟု ဦးဆောင်ကော်မတီမှ တာဝန်ရှိသူ တေးသံရှင် ဦး Mitung Tang Nau က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

 

လက်ရှိပြသထားသော ပန်းချီပေါင်းမှာ ၁၀၀ကျော်ခန့်ရှိပြီး ၎င်းပန်းချီများကို ကချင်ပန်းချီအနုပညာရှင် ၁၀ဦးက ဆွဲခြယ်ထားသောပန်းချီများဖြစ်သောကြောင့် အဓိကတိုင်းရင်းသားရိုးရာ ကို အခြေခံထားသောပန်းချီများဖြစ်ကြသည်။

 

ပန်းချီကို လာရောက်ကြည့်ရှုသူများက ပြသထားသော ပန်းချီများကို မိမိစိတ်ကြိုက် ကြည့်ရှုနိုင်ပြီး ဝယ်ယူလိုပါက ကော်မတီနှင့်ညှိနှိုင်းပြီး ချိုသာသောဈေးနှုန်းများဖြင့်ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...