မြစ်ဆုံ ပြန်စရန် တရုတ်၏ကြိုးပမ်းမှုကို ကချင်ယဉ်ကျေးမှုအသင်း ကန့်ကွက်

မြစ်ဆုံ ပြန်စရန် တရုတ်၏ကြိုးပမ်းမှုကို ကချင်ယဉ်ကျေးမှုအသင်း ကန့်ကွက်

မြစ်ဆုံစီမံကိန်းအား အလေးအနက်ထား ကန့်ကွက်ကြောင်း အချက် ၉ ချက်ပါရှိသည့် သဘောထားထုတ်ပြန်ချက်စာတစ်စောင်ကို မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်းမှ မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှု အသင်းမှ အတွင်းရေးမှူး Slg. Hpre Hkaw Luk (ဦးဖရဲခေါလုတ်)က ခုလိုပြောသည်။

“တရုတ်ဘက် ကုမ္မဏီတွေနဲ့ သံရုံးအဖွဲ့၊ ကုန်သွယ်ရေးအဖွဲ့က လူတွေဟာ မြစ်ဆုံရေကာတာ တည်ဆောက်ဖို့အတွက် လူပုဂ္ဂိုလ်တစ်ချို့နဲ့ အဖွဲ့အစည်းတစ်ချို့တွေကို စည်းရုံးရေးတွေ ပြန်လုပ်လာတယ်လို့ ကြားရတယ်။ ဒီလောက်ကန့်ကွက်နေတာ ဒါတော့ လုံးဝမဖြစ်သင့်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာပြည်မှာ ရှိတဲ့ပြည်သူလူထု အားလုံးကိုယ်စားအနေနဲ့ ထုတ်ပြန်လိုက်တာပါ” ဟု ဆိုသည်။

မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့်ပတ်သက်ပြီး တရုတ်သံအမတ် Mr. Hong Liang ၏ ၂၀၁၈ ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များအား လာရောက်တွေ့ဆုံခဲ့သည်။

ယင်းနောက် တရုတ်သံရုံးဘက်မှ ထုတ်ပြန်ချက်တစ်စောင် ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကချင်ပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများသည် မြစ်ဆုံစီမံကိန်းပေါ် ကန့်ကွက်ခြင်း မရှိကြောင်း ဖေါ်ပြပြီးနောက်တွင် ကန့်ကွက်မှုများ ပြန်လည်ဆူပူလာကာ ဒေသခံပြည်သူများလည်း မြစ်ဆုံစီမံကိန်းကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများကိုလည်း ပြန်လည်ပြုလုပ်လာကြသည်။

ထို့နောက် တရုတ်အစိုးရမှ ခေါင်းဆောင်များသည် မတ်လ ၁ ရက်နေ့တွင် ကချင်ဘာသာရေးခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းတည်ဆောက်မူနှင့် ပတ်သက်ပြီး စည်းရုံးမှုများ ပြန်လည် ပြုလုပ်လာကြောင်း သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မတ်လ ၁၄ ရက်နေ့ ပြည်မြို့၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲတွင် မြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်သူများ အမြင်ကျယ်ကျယ်နှင့်အဖက်ဖက်မှ ဝိုင်းဝန်းစဉ်းစားကြပါရန် ပြောဆိုသွားသည်။

ယခုကဲ့သို့ မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ပြန်လည်ပြုလုပ်လာသည့်အတွက် ကချင်ရိုးရာယဉ်ကျေးမှုအသင်း မှလည်း ပြည်သူများ ကိုယ်စား သဘောထားထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...