စာရေးဆရာကြီး မဟာဆွေ၏ သမီးဖြစ်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ကွယ်လွန်

စာရေးဆရာကြီး မဟာဆွေ၏ သမီးဖြစ်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ကွယ်လွန်

စာရေးဆရာကြီး မဟာဆွေ(ဦးဘဆွေ)၏ သမီးဖြစ်သူ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး(၈၇)နှစ်သည် မတ်လ ၂ရရက် ည ၁ဝနာရီ ၁၅မိနစ်အချိန်တွင် ကွယ်လွန်သွားကြောင်း သိရသည်။

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးသည် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ သက်ကြီး ကန်တော့ခံ စာပေပညာရှင် တစ်ဦးဖြစ်ပြီး  ဆရာမကြီး၏ နာရေးသတင်းအတွက် မြန်မာနိုင်ငံစာရေးဆရာအသင်းကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသည်။

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးကို စာရေးဆရာကြီးမဟာဆွေနှင့် ဒေါ်ကြည်ကြည်တို့က ၁၉၃၃ခုနှစ် ဒီဇင်ဘာ လ ၁ ရက်နေ့တွင် စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈ရနှစ် ရှိပြီဖြစ်သည်။ ဆရာမကြီး သည် မိသားစုတွင် သမီးအကြီးဖြစ်ပြီး  ၁၉၅၆ ခုနစ်တွင် ဘီအေဘွဲ႔ ကိုရရှိပြီး ၁၉၆၇ ခုနစ်တွင် ကျောင်းဆရာမ အလုပ်နှင့် ဘီအီးဒီဘွဲ႔ ကိုရရှိခဲ့သည်။ ၁၉၅၄ ခုနစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ဟောင်း ကိုစိန်သန်ယခုအငြိမ်းစား(စိုက်ဘဏ် မန်နေဂျာ)နှင့် အိမ်ထောင်ပြုကာသမီးတစ်ယောက် ထွန်းကား ခဲ့သည်။

ဒေါ်ခင်ဆွေဦးသည် ၁၉၄၆ခုနှစ်မှ စတင်ကာ သံတော်ဆင့်သတင်းစာတွင် ဝတ္ထုတိုဆောင်းပါးများ ရေးသား ခြင်းဖြင့် စာပေလောကသို႔ ဝင်ရောက်ခဲ့ပြီး ၁၉၅ဝခုနှစ်တွင် ရှုမဝမဂ္ဂဇင်း၌ ကလေးစာပေဆောင်းပါးဖြင့် မဂ္ဂဇင်း လောကသို့ ဝင်ရောက်ခဲ့သည်။

စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး၏ ပထမဆုံးရေးသားခဲ့သောလုံးချင်းဝတ္ထုဖြစ်သည့်  ဒို႔ တိုင်း ဌာနီ အမည်ရှိ ဝတ္ထု သည်အောင်မြင်ကျော်ကြားခဲ့ပြီး စာပေလောကတွင် လေးကြိမ်တိုင်တိုင် ပြန်လည်ရိုက်နှိပ်ခဲ့ရသည့် စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့သည်။

ဆရာမကြီးသည် နောက်ဆုံးအချိန်အထိ ခရီးသွားစာပေများ၊ ဆောင်းပါးများ၊ ဝတ္ထုတိုများကို ရေးသားခဲ့ကာ စာပေလောကတွင် သက်ကြီး ကန်တော့ခံ စာပေပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ စာရေးဆရာမကြီး ဒေါ် ခင်ဆွေဦး ၏ ရုပ်အလောင်းကို မတ်လ ၂၉ရက် ညနေ ၆နာရီတွင် မြောက်ဥက္ကလာ ရေဝေးသုသာန်၌ မီးသဂြိုဟ်မည် ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုထံမှ သိရသည်။

April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...