Published
Monday, March 25, 2019
ရခိုင်ဘာသာ အစီအစဉ် (မတ်လ ၂၄၊ ၂၀၁၉)
ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၄ ယောက်အပါအဝင် ဒေသခံ ၅ ယောက်သေဆုံးသွားခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော်(AA)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့နဲ့ အစိုးရတို့ နေပြည်တော်မှာတွေ့ဆုံအပြီးမှာ အချက် ၅ ချက်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအချက်တွေနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်(AA)အဖွဲ့က ဗိုလ်မှူးကြီးကျော်ဟန်က ဘာပြောလိုက်ပါသလဲ။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ် ၂ဝ စီ ချမှတ်လိုက်တာနဲ့ပတ်သက်ပြီး အယူခံဝင်သွားဖို့ရှိပါတယ်။






