ဖါးကန့် လုံးခင်း ကသေမှော် နွံစစ်ကန်ပေါက်ကျမှု ဖြစ်ပွား

ဖါးကန့် လုံးခင်း ကသေမှော် နွံစစ်ကန်ပေါက်ကျမှု ဖြစ်ပွား
ဖါးကန့် ကတေမှော် နွံစစ်ကန်ပေါက်ကျမှု ဖြစ်ပွား၊ မတ်လ ၂၃၊ ၂၀၁၉
ဖါးကန့် ကတေမှော် နွံစစ်ကန်ပေါက်ကျမှု ဖြစ်ပွား၊ မတ်လ ၂၃၊ ၂၀၁၉

ယနေ့ မတ်လ ၂၃၊ မွန်းလွဲပိုင်းက ဖားကန့်ကျောက်စိမ်းမှော် Lawnghkang (လုံးခင်း)ကျေးရွာအုပ်စု Kate Maw (ကသေမှော်)တွင် ရေနှင့်ရွှံ့ရောသော နွံစစ်ကန်ပေါက်ကျမှု ထပ်မံဖြစ်ပွားခဲ့သည်။

ငိုပင်းအကျိုးတူ(၁၁)၊ မြစ်ဆုံဏရာ ကုမ္ပဏီ လုပ်ကွက်အနီး နေမင်းကမ္ဘာကုမ္ပဏီနှင့် အဲဗားကုမ္ပဏီ ၂ခု လုပ်ကွက်များတွင် မွန်းလွဲ ၁၂း၄၀ ခန့်က စက်ယန္တရားများဖြင့် ကျောက်စိမ်းတူးဖော်နေချိန် ယခုလို နွံစစ်ကန်ပေါက်ကျမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဒေသခံ မျက်မြင်သက်သေ နှင့် ဖားကန့် ကချင်လူမှုအဖွဲ့စည်း Amyusha Zinlum အဖွဲ့ဝင် ဆရာ Tu Lum က “လူ အတော်ပါသွားမယ်လို့ ယူဆရတယ်။ ဘာ့ကြောင့်ဆိုတော့ အလုပ်လုပ်ချိန်နဲ့ စက်ယန္တရားများ လည်ပတ်နေချိန်ဖြစ်လို့။ ခုတော့ ဘတ်ဖော (backhoe)တွေ bulldozer တွေ၊ ကျင်းဖောက်စက်တွေ နဲ့ မိုင်းခွဲစက်တွေ အတော်ပါသွားတယ်။ အဲတာတွေ အကုန် မြှုပ်နေတယ်” ဟု ဆိုသည်။

နွံထဲနစ်မြှုပ်နေသည့် ဘတ်ဖော (၅)စီးနှင့် ယမ်းဖောက်စက်ကြီး (၄)စီးကို ဘေးမှမြင်တွေ့နေရကြောင်း သူ က ဆက်ဆိုသည်။

Madslide-in-Lonkin-jade-mine-on-March-23,-2019.jpg

လုံးခင်း ကတေမှော် နေမင်းကမ္ဘာကုမ္ပဏီ နဲ့ အဲဗားကုမ္ပဏီ လုပ်ကွက်တွင် နွံစစ်ကန်ပေါက်ကျမှု ဖြစ်ပွား၊ မတ်လ ၂၃၊ ၂၀၁၉

အခင်းဖြစ်ပွားပြီး ညနေ ၄နာရီချိန်ထိ ကယ်ဆယ်ရေး မရှိသေးဘဲ ဘယ်လိုလုပ်ရမှန်းမသိ လူများ ဝိုင်းကြည့်နေသည့် အနေထားကို သူက ယလို ဆက်ဆိုသည်။

“အသေအပျောက် ဘယ်လောက်ရှိလားတော့ အသေချာ မသိသေးဘူး။ ခုလောလောဆယ်တော့ နာရေးကားတွေ လာတာမတွေ့ဘူး။ ဒီလိုဘဲ ဝိုင်းကြည့်နေကြတာပါ။”

ယခုလို ကသေမှော် နွံစစ်ကန်ပေါက်ကျမှုတွင် ကုမ္ပဏီ အလုပ်သမားများသာ ပါသွားမည်ဟုယူဆရပြီး ထိုချိန် ရေမဆေးသမားများ ဝင်လို့ မရသေးသည့် ကန့်သတ်ထားသည့်အချိန်ဖြစ်သည်ဟု ဆရာ Tu Lum ဆိုပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...