ကချင် တောင်ပေါ်မှာ နှစ်ခြင်းသာသနာ ရာပြည့် ပွဲတော်ကြီး ကျင်းပ

ကချင် တောင်ပေါ်မှာ နှစ်ခြင်းသာသနာ ရာပြည့် ပွဲတော်ကြီး ကျင်းပ
ဆဒုံး နှစ်ခြင်းသာသနာ နှစ် ၁၀၀ ပြည့် ကျေးဇူးတော်ချီးမွမ်း မနောပွဲတော် ကျင်းပ၊ မတ်လ ၁၉၊ ၂၀၁၉
ဆဒုံး နှစ်ခြင်းသာသနာ နှစ် ၁၀၀ ပြည့် ကျေးဇူးတော်ချီးမွမ်း မနောပွဲတော် ကျင်းပ၊ မတ်လ ၁၉၊ ၂၀၁၉

ကချင်ပြည်နယ်တောင်ပေါ်ဒေသ ဆဒုံးနယ် နှစ်ခြင်းသာသနာ နှစ် (၁၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲတော်ကို ဒေသခံ အသင်းတော်များ စုပေါင်းပြီး သုံးရက်ကြာ ပွဲတော်ကြီးကို မတ်လ (၁၈)ရက်နေ့မှ စတင်ပြုလုပ်နေပါသည်။

Sadung (ဆဒုံး)နယ် နှစ်ခြင်းအသင်းတော် (၁၂)ပါး အတူတကွ ပူးပေါင်းပြီး ဆဒုံနယ် ရာပြည့် ဂျူဗလီ ပွဲတော်ကြီး ကို ကချင်ရိုးရာမနောပွဲတော်နှင့်အတူ ဝိုင်းမော်မြို့နယ် Chyinghtawng Pa ကျေးရွာအုပ်စု Bum Wa ကျေးရွာတွင် ပြုလုပ်ခြင်းဖြစ်သည်။

ပွဲတော်ဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ ဦး Labya La Wawm က “ဒီပွဲက ကျနော်တို့ရဲ့ ဒီနယ်မြေအတွင်း စတင် သာသနာပြုလာတဲ့နှစ် (၁၀၀) ပြည့်တဲ့ပွဲဖြစ်တယ်။ ပြုလုပ်ဖြစ်တာက ဒီလို နှစ် (၁၀၀)ပြည့်ဖို့ဆိုတာက မလွယ်ဘူးလေ။ အသင်းသူ အသင်းသားတွေ က ဘုရားသခင်ရဲ့ကယ်တင်ခြင်း ကျေးဇူးတော်ကို ချီးမွမ်းတယ်။ ပြီးရင် ဒီဆဒုံးနယ်မြေအတွင်းမှာရှိ ကျနော်တို့ရဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ ပိုပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေတာကိုမြင်တွေ့စေချင် တယ်။ ဒါကြောင့် ဒီပွဲကိုပြုလုပ်ဖြစ်တယ်” ဟု ကချင်သတင်းဌာန KNG ကို ဆိုသည်။

ပထမဆုံး ဆဒုံးနယ် နှစ်ခြင်းသာသနာကို လွန်ခဲ့သည့် အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက် ၁၉၁၉ ခုနှစ် မတ်လ (၁၉)ရက်နေ့မှာ ဆရာကြီး Sumlut Nawng Lat အစပြုခဲ့ခြင်းဖြစ်သည်။ ဆရာကြီးသည် ကျောင်းဆရာလည်း ဖြစ်ပြီး မိရိုးဖလာ ရိုးရာ နတ်စား ဆဒုံးနယ် ကချင် တောင်ပေါ်သားများ ကို သာသနာပြုခြင်းဖြစ်သည်။

ယခု ဆဒုံးနယ်အသင်းတော်များသည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ဝိုင်းမော်ဇုံနယ် နှစ်ခြင်းခရစ်ယာန်အသင်းတော်များ အဖွဲ့ (Waingmaw Kachin Baptist Association) ၏ အောက်တွင် ရှိပါသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် မြန်မာပြည်တဝန်း KBC အသင်းတော် ယုံကြည်သူများ ၄သိန်းခန့်ရှိပြီး ကချင်အသင်းတော်များတွင် အကြီးဆုံးလည်း ဖြစ်သည်။

ဆဒုံးနယ် အသင်းတော်များ၏ နှစ်ခြင်းသာသနာ အနှစ် (၁၀၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ပွဲတော်ကြီး သို့ အခြားနယ်များမှ ဧည့်သည်များ နှစ်ထောင်ကျော် တက်ရောက်ပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...