သခင်စစ်ကုမ္ပဏီ က မြစ်ကြီးနားသတင်းဂျာနယ် ကို တန်ပြန် တရားစွဲဆို

သခင်စစ်ကုမ္ပဏီ က မြစ်ကြီးနားသတင်းဂျာနယ် ကို တန်ပြန် တရားစွဲဆို

မြစ်ကြီးနားသတင်းဂျာနယ် အမှုဆောင်အရာရှိ ဦးဘရန်မိုင် (Brang Mai)၊ ဦးဇော်ခွန်း (Zau Hkun) နှင့် သတင်းထောက် မမွန်းမွန်းပန် (Mun Mun Pan)တို့အား သခင်စစ်ကုမ္ပဏီမှ အသရေဖျက်မှု ပုဒ်မ ၅၀၀ဖြင့် အရေးယူပေးရန် မတ်လ ၄ရက်နေ့တွင် ဝိုင်းမော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားသတင်းဂျာနယ်မှ ဖေဖော်ဝါရီလ ၂၅ရက်နေ့ ထုတ်ဝေခဲ့သော အတွဲ(၆)၊ အမှတ်(၇)၊ စာမျက်နှာ(၁၂)ပါ “မန်ဒေါင်ကျေးရွာအုပ်စု တွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ကုမ္ပဏီနှစ်ခုဝင်ရောက်လုပ်ကိုင်နေ” ဟူသည့် ခေါင်းစဉ်ဖြင့် သတင်းရေးသားခဲ့ခြင်းပေါ် အပြစ်ရှိကြောင်း ဝန်ခံခြင်းမရှိသောကြောင့် သခင်စစ်ကုမ္ပဏီ Managing Director ဦးဒိန်ဆောင် (Ting Sau) တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက် က ပြောရေးဆိုခွင့် တာဝန်ရှိသူ ဦးဂွမ်လဒ်က ကချင်သတင်းဌာန KNG ကို ပြောဆိုထားသည်။

“အဓိကတော့ ကျနော်တို့ကို သစ်သျှူးငှက်ပျောစိုက်ပျိုးတယ်လို့ရေးသားထားတယ်။ ကျနော်တို့က သစ်သျှူးငှက်ပျောမစိုက်ပါဘူး။ မန်ဒေါင်ကျေးရွာ ပိုပြီး ဖွံ့ဖြိုးရန် backhoe ဖြင့် လမ်းတံတား ပြုလုပ်နေတာကို အမြင်မှားပြီး သစ်သျှူးငှက်ပျောစိုက်ပျိုးတယ်လို့ရေးသားထားတယ်။ ဒီလိုပြဿနာ ကြီးကြီးမားမား မဖြစ်စေချင်လို့ သူတို့ကို ခေါ်တွေ့ပြောဆိုတယ်။ သူတို့ဘက်က အပြစ်မရှိကြောင်းပြောဆိုတယ်။ ပြီးရင်ပိုဆိုးတာက ကျနော်တို့ကို ဖမ်းဆီးနှိပ်စက်တယ်လို့ ပြန်ပြောလာတယ်။ ဒါကြောင့် ကျနော်တို့ ဘက်က တရားပြန်စွဲတာပါ” ဟု ပြောဆိုသည်။

တရားစွဲဆိုထားခံရသော မြစ်ကြီးနားသတင်းဂျာနယ်တိုက်အနေနဲ့လည်း တိကျတဲ့သတင်းကိုသာ ရေးသားဖော်ပြထားသလို မှန်ကန်သတင်းဖြစ်သည့်အတွက် စွဲဆိုထားသော ပုဒ်မအပေါ် တရားဥပဒေလမ်းကြောင်းနှင့်အညီ ထုချေသွားမည်ဖြစ်ကြောင်းကို တရားစွဲခံရသော ၃ဦးအနက် မြစ်ကြီးနားဂျာနယ်တိုက်မှ အမှုဆောင်အရာရှိ ဦးဇော်ခွန်း (Zau Hkun) က KNG ကို ပြောပါသည်။

ထို့နောက် သခင်စစ်ကုမ္ပဏီမှ မြစ်ကြီးနားသတင်းဂျာနယ်တိုက်သို့ ညှိနှိုင်းတိုင်ပင်လာခြင်း မရှိသလို ညှိနှိုင်းတိုင်ပင်မှုများပြုလုပ်ခဲ့သော်လည်း လက်ခံမည်မဟုတ်ဘဲ တရားဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆက်လက်ပြောဆိုသည်။

ယင်းအမှုကို မတ်လ ၁၈ရက်နေ့ ဝိုင်းမော်မြို့နယ်တရားရုံးတွင် ဖြေရှင်းရန်အတွက် ယနေ့မြစ်ကြီးနားဂျာနယ်တိုက်သို့ တရားရုံးမှ ဆင့်ခေါ်စာရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ဖေဖါရီလ ၂၆ရက်နေ့တွင် သခင်စစ်ကုမ္ပဏီမှ မြစ်ကြီးနားသတင်းဂျာနယ်တိုက် က သတင်းရေသားသူ အကြီးတန်းသတင်းထောက် မမွန်းမွန်းပန် (Mun Mun Pan) ကို သခင်စစ်ကုမ္မဏီ သူဌေးဦး ဒိန်ဆောင်က ဂျာနယ်ဖြင့် ညာဘက်နားအုံးအားရိုက်နက်မှုပြုလုပ်ခြင်းနှင့် လပတ်ခေါင်လွမ်း ကို ထိုင်ထအကြိမ် ၁ သိန်း လုပ်စေခြင်း လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။

ထို့ကြောင့် ဖေဖါရီလ ၂၆ရက်နေ့တွင် သတင်းရေးသာသူ မမွန်းမွန်းပန် ကိုယ်တိုင် မိန်းမ၏ ကာယ ဣန္ဒြေပျက်စီးစေရန်အကြံဖြင့် ပုဒ်မ ၅ခုဖြင့် သခင်စစ်ကုမ္ပဏီအား အရေးယူပေးရန် ဝိုင်းမော်မြို့မရဲစခန်းသို့ အမှုဖွင့်ထားသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...