ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် တစ်သောင်းကျော်အထိရှိလာ၊ အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် တစ်သောင်းကျော်အထိရှိလာ၊ အကူအညီများလိုအပ်နေ

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြသူ တစ်သောင်းကျော်အထိရှိလာပြီး အမိုးအကာ၊ အစားအသောက်ကဲ့သို့ အကူအညီမျိုး လိုအပ်နေသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

မတ်လ ၇ ရက်နေ့အထိ စာရင်းများအရ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်း ၃၉ ခုတွင် နေထိုင်သူ လူဦးရေ တစ်သောင်းကျော်လာပြီး အများစုမှာ ယာယီမြေစိုက်ရွက်ဖျင်တဲများတွင် တာလပတ်မိုးကာဖြင့် နေရသည်ဖြစ်၍ မိုးရွာသွန်းမှုများကြောင့် အမိုးအကာများအဓိက လိုအပ်နေခြင်း ဖြစ်သည်။

“ ဒီမှာကမိုးအသည်းအသန်ရွာနေပြီပေါ့နော်။ တချို့ယာယီတဲတွေနဲ့နေရတဲ့ စစ်ရှောင်စခန်းတွေမှာက အမိုးအကာတွေ မလုံတဲ့ အခါကျတော့ ပစ္စည်းတွေရွဲစိုတာတို့၊ အိပ်ဖို့အတွက်ကို အဆင်မပြေဘူး။ ထမင်းချက်ဖို့အတွက်လည်း မီးမွှေးလို့မရဘူးပေါ့။ အဲလိုတွေဖြစ်နေကြတယ်။ အခုဟာက သူတို့အိပ်တဲ့ တဲထဲကို ရေတွေအများကြီးဝင်လာတာ။ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ “ ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။

မိုးရွာသည့်ဒဏ်ကို  ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့ရှိ စစ်ဘေးရှောင်စခန်း အချို့တွင် အဓိကခံ စားနေရသည်ဟုလည်း ၎င်းက ပြောသည်။

အစိုးရနှင့် ပုဂ္ဂိုလိကအလှူရှင်များမှ လာရောက်လှူဒါန်းမှုများရှိသော်လည်း တစ်ပိုင်တစ်နိုင်လာရောက် ကူညီကြသည့်ပုံစံသာဖြစ်ပြီး စစ်ဘေးရှောင်အားလုံးအတွက် ဆိုပါက  လှုံလောက်မှုမရှိကြောင်းလည်း သိရသည်။

အစားအသောက်ရိက္ခာအတွက်မှာ ဒေသခံပရဟိတအဖွဲ့များနှင့် အလှူရှင်များကိုသာ အားထားနေရပြီး အစိုးရအနေဖြင့် သင့်လျော်သည့် နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုမျိုး စီစဉ်ပေးသင့်ကြောင်းလည်း ဦးဇော်ဇော်ထွန်းက အကြံပြုသည်။

ရက္ခိုင့်တပ် (AA) နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်နှောင်းပိုင်းကတည်းက စတင်ပြီး တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်ပွားနေသည့်အတွက် ဒေသခံများ နေရပ်စွန့်ခွာ လာရခြင်းလည်းဖြစ်သည်။

အလားတူ မတ်လထဲတွင် တိုက်ပွဲအဓိကဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ တပ်မတော်မှနေ၍ တပ်အင်အား ၈၀၀၀ ခန့် ထပ်မံ စစ်ကူပို့ပေးခဲ့သည်ဟုလည်း ရက္ခိုင့်တပ် (AA)ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာဖွယ်ရှိပြီး စစ်ဘေးရှောင်များလည်း ထပ်မံရောက်ရှိလာဖွယ် ရှိနေဟု ဝေဖန်အကဲခတ်မှုများလည်း ရှိနေသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...