ပထမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၃၁၁၈ ဦးရှိ

ပထမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၃၁၁၈ ဦးရှိ

ရခိုင်ပြည်နယ် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ စတင် စစ်ဆေးရာ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ကျောင်သူ အရေအတွက်မှာ ၃၁၁၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ အရေအတွက်မှာ ၉၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်သူ အရေအတွက်မှာ ၆ ဒသမ ၈၅ရာနှုန်းရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စုစုပေါင်း စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူ အရေအတွက်မှာ ၄၅၅၃၄ ရှိပြီး ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ အရေအတွက်မှာ ၄၂၄၁၆ ဦးရှိကြောင်း၊ ပျက်ကွက်သူမှာ ၃၁၁၈ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်သား ကျောင်းသူ အရေအတွက်မှာ ကျား ၂၁၃၂၁နှင့် မ-၂၄၂၁၃ ဖြစ်ပြီး ယနေ့ ဖြေဆိုသူ အရေအတွက်မှာ ကျား-၁၉၃၉၈၊ မ-၂၃၀၁၈ ဦးရှိကြောင်း သိရသည်။

April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...