ပထမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၃၁၁၈ ဦးရှိ

ပထမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ပျက်ကွက်သူ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ၃၁၁၈ ဦးရှိ

ရခိုင်ပြည်နယ် ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ စတင် စစ်ဆေးရာ စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား ကျောင်သူ အရေအတွက်မှာ ၃၁၁၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ အရေအတွက်မှာ ၉၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်သူ အရေအတွက်မှာ ၆ ဒသမ ၈၅ရာနှုန်းရှိကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် စုစုပေါင်း စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းထားသူ အရေအတွက်မှာ ၄၅၅၃၄ ရှိပြီး ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ အရေအတွက်မှာ ၄၂၄၁၆ ဦးရှိကြောင်း၊ ပျက်ကွက်သူမှာ ၃၁၁၈ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြေဆိုရန် စာရင်းသွင်းထားသူ ကျောင်သား ကျောင်းသူ အရေအတွက်မှာ ကျား ၂၁၃၂၁နှင့် မ-၂၄၂၁၃ ဖြစ်ပြီး ယနေ့ ဖြေဆိုသူ အရေအတွက်မှာ ကျား-၁၉၃၉၈၊ မ-၂၃၀၁၈ ဦးရှိကြောင်း သိရသည်။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...