မြစ်ဆုံစီမံကိန်း လှိုဏ်ခေါင်းများတွင် ကျောက်ရွှေ စမ်းသပ်တူးဖော်နေ

မြစ်ဆုံစီမံကိန်း လှိုဏ်ခေါင်းများတွင် ကျောက်ရွှေ စမ်းသပ်တူးဖော်နေ

မြစ်ဆုံရေကာတာစီမံကိန်း စတင်ချိန် တရုတ်အစိုးရပိုင် CPI ကုမ္ပဏီမှ ဆောက်လုပ်ထားသော လှိုဏ်ခေါင်းများတွင် ကျောက်ရွှေ စမ်းသပ်တူးဖော်မှုကို ဦးလဆန်အောင်ဝါပြည်သူစစ်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နေပါသည်။

ရွှေစမ်းသပ်တူးဖော်ရာတွင် အသုံးပြုသောဓါတုဆေးများသည် အနီးမှ အိမ်ခြေ ၁၄၀ ကျော်ရှိ Mali Yang (မလိယန်) အစိုးရမြစ်ဆုံစီမံကိန်း ရွှေ့ပြောင်းရွာ၏ အဓိက စိုက်ပျိုးရေးတွင် အသုံးပြုနေသော Dinggu Hka (ဒိန်ဂူ)ချောင်းသို့ စီးဝင်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

“ရွာအလယ်စီးဝင်တဲ့ ချောင်းမှာတော့ တိရစ္ဆာန် သေမှာဘဲ၊ ငါးတွေ သေမှာဘဲ။ ကလေးတွေလည်း ရေဆော့ရင် အက်ဆစ်စားပြီး ခြေထောက်မှာ လက်ရှိ ရွာဒေသခံတွေက ခံရမယ့် သဘောရှိတယ်” ဟု Mali Yang (မလိယန်)ရွှေ့ပြောင်းရွာမှ ခရစ်ယာန်ဓမ္မဆရာ Mung Ra ပြောပါသည်။

ရွှေ့ပြောင်းရွာ အနီး Laibau Bum (လိုင်ဘောင်ဘွမ်) တောင်ပေါ်တွင် လှိုဏ်ခေါင်း ၃ ခုရှိပြီး ၎င်းအထဲမှ ကျောက်ခဲများကို တူးယူကာ ကြိတ်စက်တွင် ထည့်ပြီးရွှေထွက်အောင် အဆင့်အဆင့် စမ်းသပ်ပြုလုပ်နေသည်ကို တွေ့ရသည်။

အဆိုပါချောင်းရေဖြင့် Mali Yang နှင့် N’gan Mare (အင်ဂန်း)ကျေးရွာ လယ်ယာစိုက်ပျိုးရေးတွင် အသုံးပြုနေသောကြောင့် ရွှေတူးဖော်ခြင်းပြုလုပ်ပါက စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်း ဒေသခံ ဆရာ Mung Ra ပြောပါသည်။

လဝါယန်/ဂွေထူ ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးဖော်ရန် လူဦးရေ ၁၂ ယောက် ဧည့်စာရင်းပေးကာ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး လာရောက်လုပ်ကိုင်နေကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုး Slg. Lahpai Naw Awng (ဆလန် လဖိုင်နော်အောင်) ပြောပါသည်။

“လူ ၁၂ ယောက် ဧည့်စာရင်း စာ တိုင်တာပဲရှိတယ်။ သူတို့ ဘယ်နေရာမှာ တူးတယ်ဆိုတာ ကျနော်တို့ မသိဘူး။ သူတို့ကို မေးကြည့်တော့ မင်းတို့က ဘယ်သူတူးခွင့်ပြုလို့ ဒီဘက် ရွာဘက် ပိုင်နက်ဘက်ဝင်သလဲ မေးတော့ သူတို့ အဘ လဆန်အောင်ဝါ အနေနဲ့ ကျောက်ရွှေစမ်းသပ်ခိုင်းတယ်တဲ့။ ကျနော်တို့လည်း ဘာမှ မမေးတော့ဘူး။ မင်းတို့ ကျောက်ရွှေလုပ်တဲ့သူတွေ ရွာသားတွေနဲ့ အဆင်ပြေအောင်၊ ရွာထဲမှာရှိတဲ့သူတွေရဲ့ ခြံမြေထဲမှာ ညှိညှိနှိုင်းနှိုင်းအဆင်ပြေအောင်နေကြပါ။ ပြီးတော့ မင်းတို့သုံးတဲ့ ပစ္စည်းတွေ ရွာမှာရှိတဲ့ ကျွဲနွား တိရစ္ဆာန်တွေ မထိခိုက်အောင် မင်းတို့လုပ်ကြလို့ပဲ ပြောထားတယ်” ဟု ပြောပါသည်။

ယခုရွှေ စမ်းသပ်တူးဖော်နေသော လှိုဏ်ခေါင်းများသည် ၂၀၀၆ ခုနှစ် Mali-N’mai Zup မြစ်ဆုံရေကာတာ စီမံကိန်း စတင်အကောင်ထည်ဖော်လာစဉ်က တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီမှ ဆောက်လုပ်ထားခြင်းဖြစ်သည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...