KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း မျက်စိဝေဒနာရှင်တွေကို KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုဆေးဌာနက မျက်စိခွဲစိတ်ကုသမှု လုပ်ငန်းတွေ စတင်လုပ်ဆောင်နေကြဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေကော်မြို့သစ်မှာ နေရပ်ပြန်ဒုက္ခသည်တွေအတွက် နောက်ထပ် တန်ဖိုးနည်းအိမ်ရာ အလုံးရေ ၁၅၀ ကို ဒီနှစ် စက်တင်ဘာလမှာ ထပ်မံဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်။
နှစ် (၇၀) ပြည့် ကရင်တော်လှန်ရေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာက NCA လက်မှတ်ရေးထိုးပြီး အစိုးရကနေ ကေအဲန်ယူကို မတရားအသင်းအဖြစ်က ပယ်ဖျက်ပြီးတဲ့နောက် ပထမဆုံးအကြိမ် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့ကြတဲ့အပေါ် နိုင်ငံရေးအခြေအနေအရ သုံးသပ်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။






