Nam San Yang စစ်ရှောင် ၂၀၀ ကို တပ်မတော်က ဒုတိယအကြိမ် နေရပ် ပို့ပေး

Nam San Yang စစ်ရှောင် ၂၀၀ ကို တပ်မတော်က ဒုတိယအကြိမ် နေရပ် ပို့ပေး
မတ်လ ၆၊ ၂၀၁၉ ရက်နေ့ စစ်ရှောင်မိသားစု ၄၆ စု ထပ်မံ နေရပ် Nam San Yang သို့ ရောက်လာခြင်း ကြိုဆိုခြင်းအခမ်းနား
မတ်လ ၆၊ ၂၀၁၉ ရက်နေ့ စစ်ရှောင်မိသားစု ၄၆ စု ထပ်မံ နေရပ် Nam San Yang သို့ ရောက်လာခြင်း ကြိုဆိုခြင်းအခမ်းနား

တပ်မတော်က အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှစ်ဖက် ထိန်းချုပ်နယ်များရှိ Nam San Yang (နမ်ဆန်ယန်) စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၂၉)စုကို မတ်လ (၅) ရက် ဒုတိယအကြိမ် နေရပ် ပြန်လည်ပို့ဆောင်ခဲ့သည်။

စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၀၀ ခန့်ရှိပြီး ၎င်းတို့တွင် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် နှင့် တရုတ်နယ်စပ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေထိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများ ပါဝင်သည်ဟု ဆိုပါသည်။

“အခု အိမ်ထောင်စု ၂၉ စု ထပ်တိုးပြီ။ အရင်က ၁၇ နဲ့ဆို စုစုပေါင်း ၄၆ စု ရှိပြီ။ အခုပြန်တဲ့ ၂၉ စုမှာဆိုလည်း ၇ အိမ်ထောင်စုလောက်ပဲ အိမ်မှာနေလို့ရတယ်။ ကျန်တဲ့ အိမ်ထောင်စု ၂၂ စုက စစ်ပွဲကြောင့် ပျက်စီး ပြာကျသွားလို့ နေလို့မရတော့ဘူး။ ဒါကြောင့် သူတို့က ကတ်သလစ်ဘုရားကျောင်းဝင်းမှာ ထားထားတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာလည်း ထားထားတယ်။ အရင်နေပြီးသား အိမ်ထောင်စု ၁၇ နဲ့လည်း အတူပေါင်းနေတယ်။ အခုထိတော့ အဲလိုအခြေအနေ ရှိပါတယ်” ဟု Nam San Yang စစ်ပြေးမိသားစုများ နေရပ်ပြန်လာရေး အကျိုးဆောင်ကူညီပေးနေသူ Slg. Hpaula Gam Hpang (ဆလန် ဖော်လားဂမ်ဖန်) မှ ကချင်သတင်းဌာန KNG ကိုပြောပါသည်။

သို့သော်လည်း ယခု ဒုတိယအကြိမ် နေရပ်ပြန်လည် ပို့ဆောင်ခြင်းအစီစဉ်တွင် ကချင်ပြည်နယ် အစိုးရလူမှုဝန်ထမ်း နှင့် ပြန်လည်ကယ်ဆယ်ရေးဌာန မပါဝင်ဘဲ တပ်မတော် တည်းသာ ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။

ပထမအကြိမ် အိမ်ထောင်စု ၁၇ စုကို အစိုးရဌာနဆိုင်ရာ နှင့် တပ်မတော် တို့ပါဝင်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့ တွင် ပို့ဆောင်ခဲ့ပြီး ဖြစ်ပါသည်။

လက်ရှိအချိန်ထိ နမ်ဆန်ယန် နေရပ်ပြန်ပြည်သူများအတွက် ကူညီရေးအဖွဲ့အစည်းများထံမှာ တစ်စုံတစ်ရာ ကူညီမှု မရရှိသေးကြောင်း သိရပါသည်။

တစ်ဖက်တွင်လည်း ကချင်စစ်ပြေးဒုက္ခသည်များ လုံခြုံစွာနေရပ်ပြန်နိုင်ရေး အတွက် ကချင်အသင်းတော်ခေါင်းဆောင်များ ဦးဆောင်သော ကချင်စစ်ပြေးဒုက္ခသည် နေရပ်ပြန်လည် ချထားရေး ကော်မတီ KHCC က ဦးဆောင်ပြီး အစိုးရ၊ KIO တို့နှင့် ဆွေးနွေးနေချိန်လည်း ဖြစ်ပါသည်။

Nam San Yang သည် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်တွင် ရှိပြီး လိုင်ဇာ KIO ဗဟိုဌာနချုပ်နှင့် နီးစပ်သော အစိုးရထိန်းချုပ်သော ကျေးရွာလည်း ဖြစ်ပါသည်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...