Published
Wednesday, February 27, 2019
ကရင်ဘာသာ အစီအစဉ် (ဖေဖော်ဝါရီ၂၇၊ ၂၀၁၉)
- လာမယ့်မိုးရာသီကာလမှာ လူထုတွေ သွားလာရေးအဆင်ပြေဖို့ ကျားကလေး-ကော့ကရိတ်လမ်းပိုင်းကို ဒီလကစပြီး ကရင်ပြည်နယ်အစိုးရကနေ ပြုပြင်ဆောင်ရွက်ပေးသွားမှာပါ။
- ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အတွင်းမဲကနယ်ကျေးရွာအနီးမှာ ဖြစ်ပေါ်နေတဲ့ မြေယာပြဿနာတွေကိုဖြေရှင်းဖို့ အဲဒီနေရာက လူမနေတဲ့ ယာယီတဲအိမ်တွေကို တာဝန်ရှိတဲ့အဖွဲ့တွေကနေ ရှင်းလင်းနေကြပါတယ်။
- ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ပြည်သူ ၅၀၀ ကျော်ဟာ မြန်မာပြည်ထဲကို တတိယအသုတ်အနေနဲ့ တရားဝင် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။






