အောက်သကန်နှင့် ကြပ်စင်ကျေးရွာအကြား ယမန်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

အောက်သကန်နှင့် ကြပ်စင်ကျေးရွာအကြား ယမန်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်း အရှေ့ဘက် အောက်သကန်ကျေးရွာနှင့် ကြပ်စင်ကျေးရွာ အကြားတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်က တစ်ကြိမ်၊ ညဉ့် ၉ နာရီကျော်တွင်တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ ညဉ့်မှာလည်း တစ်ကြိမ်ဖြစ်တယ်။ ညဉ့် ၉ နာရီ ၄၀ လောက်မှာ တစ်ကြိမ်ဖြစ်တယ်။ ၅ မိနစ်လောက်ဘဲ အသံကြားရပါတယ်။ ပထမတစ်ကြိမ် ဖြစ်တာကတော့ မိနစ် ၂၀ လောက်ကြာပါတယ်။ ၆ နာရီ ၁၀ မိနစ်လောက်က နေ ဖြစ်တာ မိနစ် ၂၀ လောက် ကြာပါတယ်” ဟု ကြပ်စင်ကျေးရွာနေ (မကျားချေ အုပ်ချုပ်ရေးမှူး)က ယနေ့ နံနက်က နိရဉ္စရာသို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို အဆက်မပြတ် ကြားခဲ့ရသည်ဟု ဆိုသာ်။

“ ဖြစ်တာက အောက်သကန်ရွာနဲ့ ကြပ်စင်ရွာ တောင်ကျော်လမ်းမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ ဒေသခံတွေက ငှက်ပျောတောတောင်လို့ ခေါ်ပါတယ်။ အဲဒီမှာဖြစ်တာပါ။ အဲဒီနေရာ အနီးတဝိုက်မှာ ဖြစ်တယ်လို့ ခန့်မှန်းလို့ရပါတယ်” ဟု ကြပ်စင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အောက်သကန်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

အဆိုပါ ကျေးရွာနှစ်ရွာ အပါအဝင် ပေါက်ပင်ကွင်း၊ ရန်အောင်ပြင်၊ ကျောက်ကြတ်၊ အနီးတဝိုက်တို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်ပြီး မြန်မာအစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး နှစ်ဖက် အကျအဆုံးများလည်း ရှိနေကြောင်း သတင်းရရှိသည်။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...