အောက်သကန်နှင့် ကြပ်စင်ကျေးရွာအကြား ယမန်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

အောက်သကန်နှင့် ကြပ်စင်ကျေးရွာအကြား ယမန်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စစ်တွေ- ရန်ကုန်ကားလမ်း အရှေ့ဘက် အောက်သကန်ကျေးရွာနှင့် ကြပ်စင်ကျေးရွာ အကြားတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၆ နာရီကျော်က တစ်ကြိမ်၊ ညဉ့် ၉ နာရီကျော်တွင်တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

“ ညဉ့်မှာလည်း တစ်ကြိမ်ဖြစ်တယ်။ ညဉ့် ၉ နာရီ ၄၀ လောက်မှာ တစ်ကြိမ်ဖြစ်တယ်။ ၅ မိနစ်လောက်ဘဲ အသံကြားရပါတယ်။ ပထမတစ်ကြိမ် ဖြစ်တာကတော့ မိနစ် ၂၀ လောက်ကြာပါတယ်။ ၆ နာရီ ၁၀ မိနစ်လောက်က နေ ဖြစ်တာ မိနစ် ၂၀ လောက် ကြာပါတယ်” ဟု ကြပ်စင်ကျေးရွာနေ (မကျားချေ အုပ်ချုပ်ရေးမှူး)က ယနေ့ နံနက်က နိရဉ္စရာသို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားရာမှ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို အဆက်မပြတ် ကြားခဲ့ရသည်ဟု ဆိုသာ်။

“ ဖြစ်တာက အောက်သကန်ရွာနဲ့ ကြပ်စင်ရွာ တောင်ကျော်လမ်းမှာ ဖြစ်တယ်လို့ ထင်ပါတယ်။ ဒေသခံတွေက ငှက်ပျောတောတောင်လို့ ခေါ်ပါတယ်။ အဲဒီမှာဖြစ်တာပါ။ အဲဒီနေရာ အနီးတဝိုက်မှာ ဖြစ်တယ်လို့ ခန့်မှန်းလို့ရပါတယ်” ဟု ကြပ်စင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အောက်သကန်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

အဆိုပါ ကျေးရွာနှစ်ရွာ အပါအဝင် ပေါက်ပင်ကွင်း၊ ရန်အောင်ပြင်၊ ကျောက်ကြတ်၊ အနီးတဝိုက်တို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က စတင်ပြီး မြန်မာအစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး နှစ်ဖက် အကျအဆုံးများလည်း ရှိနေကြောင်း သတင်းရရှိသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...