မြန်မာနိုင်ငံကို ယူကေအစိုးရမှ ကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီမည်

မြန်မာနိုင်ငံကို ယူကေအစိုးရမှ ကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီမည်

ယူကေအစိုးရသည် ၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီ သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ Dr. Gail Marzetti က ပြောသည်။

 "လာမယ့်နှစ်တွေမှာ တိုးနိုင်မယ့် အခြေအနေလည်းရှိပါတယ်။ နှစ်အလိုက်ဆိုရင်လည်း တိုးတက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၉အနေနဲ့ မှန်းထားတာက သန်း ၂၃၀ လောက်မှန်းထားပါတယ်။ ဒါကယူကေအစိုးရ တစ်ခုလုံးရဲ့ အထောက်အပံ့အနေနဲ့ဖြစ်ပါတယ်" ဟု Dr. Gail Marzetti က ပြောသည်။

 ယူကေ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနမှ မီဒီယာများနှင့် တွေ့ဆုံခြင်းကို ဖေဖော်ဝါရီ ၂ဝရက်တွင် ဥရောပသံအမတ် ကြီး နေအိမ်၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ယင်းကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

 လူမှုဖွံ့ဖြိုးရေးအတွက် ကျန်မာရေးကဏ္ဍတွင် အဓိက ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ပညာရေး၊ အသက်မွေးကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုများတွင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည် နယ်စသော ဒေသများသည် အထောက်အပံ့ရရှိမှု နည်းပါးနေပြီး စစ်တမ်းများအရ အဆင်းရဲဆုံးသူများသည် ယင်းဒေသများတွင် ရှိသောကြောင့် ဦးစားပေး ကူညီသွားရန်ရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံရှိ UK aid သည် စီမံအုပ်ချုပ်မှု၊ ငြိမ်းချမ်းရေးနှင့် လူမှုအဖွဲ့အစည်း၊ အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ ငတ်မွတ်မှုနှင့် ကြံ့ကြံာခံနိုင်စွမ်း စသော ကဏ္ဍ ၄ခု ကို အဓိကထားဆောင်ရွက်နေကြောင်း သိရသည်။

ကူညီထောက်ပံ့မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၇၅ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း အဆိုပါတွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ ကပြောသည်။

 ပြီးခဲ့သည့်နှစ်က UK သည် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အချိန်ကြာမြင့်စွာ ဖယ်ကျဉ်ခံထားရ သော အကျိုးခံစားခွင့်မရှိသူများကို ဦးစားပေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အ သုံးပြုခဲ့ကြောင်း သိရသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...