မြောက်ပိုင်း ၄ဖွဲ့နှင့်တွေ့ဆုံရန် NRPC ဘက်မှအကြောင်းမပြန်သေး

မြောက်ပိုင်း ၄ဖွဲ့နှင့်တွေ့ဆုံရန် NRPC ဘက်မှအကြောင်းမပြန်သေး
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းဆွေးနွေးမှုမြင်ကွင်း။ ဓာတ်ပုံ NRPC
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းဆွေးနွေးမှုမြင်ကွင်း။ ဓာတ်ပုံ NRPC

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှတာဝန်ရှိသူများနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO/KIA) မှကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးရေးကိစ္စ KIO ဘက်မှပို့ထားသည့်စာကို NRPC ဘက်မှအကြောင်းပြန်ခြင်းမရှိသေးဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) မှ ဦးခွန်းအောင် ကပြောသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ဇန်နဝါရီ ၂၁ ရက်နေ့ ကပြုလုပ်ခဲ့သော NRPC နှင့် KIO တို့၏အလွတ်သဘော တွေ့ဆုံမှုတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံမည့် နေ့ရက်ကို ပြည်ထောင်စုနေ့အပြီး တစ်ရက်ရက်တွင် ပြုလုပ်ရန် နှစ်ဖက် သဘောတူခဲ့သည်။

 သို့သော်လည်း လွန်ခဲ့သည့်ရက်ပိုင်းက ဖေဖော်ဝါရီ ၂၅ နေ့ တွေ့ဆုံရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် KIO ဘက်မှ တင်ပြထား ခြင်းကို NRPC ဘက်မှအကြောင်းပြန်ခြင်းမျိုးမရှိသေးခြင်းလည်းဖြစ်ကြောင်း သိရသည်။

“ စာပေးတဲ့ကိစ္စ အဆင်ပြေပြီ၊ မပြေဘူး အဲ့တာမသိရသေးဘူး။ KIO ကတော့ NRPC ကိုအကြောင်းကြား ထားတာရှိတယ်။ NRPC ကစာပြန်ပို့မယ်လို့ သိထားတာ နောက်ဆုံးပဲ” ဟု ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ Peace-talk Creation Group (PCG) မှ ဦးခွန်းအောင်ကပြောသည်။

 အဆိုပါတွေ့ဆုံမှုတွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/TNLA)၊  ရက္ခိုင့်တပ် (ULA/AA)၊ မြန်မာအမျိုးသား တိုးတက် ဖွံ့ဖြိုးရေးတပ်မတော် (MNTJP/MNDAA) နှင့် ကချင်လွတ်လပ်ရေးတပ် (KIO/KIA) တို့နှင့်တွေ့ဆုံမည်ဖြစ်ပြီး စစ်ဘေးရှောင် များနေရပ် ပြန်ရေး၊ တိုက်ပွဲများလျော့ချရေးတို့အပြင် အပစ်ရပ် လက်မှတ်ရေးထိုးရေးတို့ကိုဆွေးနွေးကြရန် ရှိကြောင်းလည်းသိရသည်။

 KIO အဖွဲ့သည် ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် အပစ်ရပ်ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး လက်ရှိအစိုးရလက်ထက်တွင် တရားဝင် ဆွေးနွေးပွဲများ ပြုလုပ်နိုင်သေးခြင်းမရှိပေ။

 အလားတူ ရက္ခိုင့်တပ် (ULA/AA) သည်လည်း လက်ရှိတွင် တပ်မတော်နှင့် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွား နေသည့်အဖွဲ့ လည်းဖြစ်သည်။

ထို့ကြောင့် ယခုတွေ့ဆုံမှုသည် တိုက်ပွဲဖြစ်ပွားနေသော ဒေသများမှ ဒေသခံများအတွက် နေရပ်ပြန်ရန် မျှော်လင့်ချက်တစ်ခု လည်းဖြစ်ဖွယ်ရှိနေသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...