မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွား

မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွား

၅ နှစ်ကြာခန့် တိုက်ပွဲများရပ်တန့်နေခဲ့သော ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့အကြား ဖေဖော်ဝါရီ ၁၉ ရက် နံနက်က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း မြောက်ဦး မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အတည်ပြုပြောဆိုသည်။

မြောက်ဦးမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာ၏ အရှေ့တောင်ဘက်၊ ရမ်းချောင်းအနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ကာ ဖြစ်ပွားနေခြင်းဟု ကနဦး သိရသည်။

“ အခု ဖြစ်တဲ့နေရာကတော့ မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်၊ ပလက်ဝ အဲဒီ နယ်စပ်ပေါ့” ဟု ဦးထွန်းသာစိန် က ဆိုသည်။

တိုက်ပွဲမှာ သတင်းရေးသားချိန် ဖေဖော်ဝါရီလ ၁၉ ရက်၊ နံနက် ၁၁ နာရီခွဲအထိ ဆက်လက်ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများကိုလည်း နီးစပ်ရာရွာများမှ ကြားနေရကြောင်း ဒေသခံများထံမှ သိရကြောင်း ၎င်းကိုယ်စားလှယ်က ဆိုသည်။

“ ရွာသားတွေကတော့ စိုးရိမ်ကြောင့်ကြစိတ်တွေ တော်တော်ဖြစ်နေကြပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုခဲ့ပြီး လတ်တလောတွင် ဒေသခံရွာသားများ ထိခိုက်မှု ရှိ၊ မရှိ ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ၄င်းက ပြောသည်။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ နှစ်ဖက် သက်ဆိုင်ရာတာဝန်ရှိသူများထံ မဇ္စျိမမှ ဆက်သွယ်သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

၂၀၁၅ ခုနှစ်က အဆိုပါကျောက်တော်မြို့နယ်ဘက်အခြမ်း ရမ်းချောင်းထဲတွင် တပ်မတော်နှင့် ရက္ခိုင့်တပ် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ဖူးပြီးနောက် ယခု ၂၀၁၉ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

ယခင်နှစ် ဒီဇင်ဘာလပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီး ဒေသတွင်း လက်ရှိအချိန်အထိ စစ်ဘေးရှောင် ၆ ထောင်ကျော်ခန့် ရှိနေသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...