လာမည့် ပညာရေးနှစ်မှ အစိုးရကျောင်းတွင် တိုင်းရင်းသားဘာသာ သင်ကြားမည်

လာမည့် ပညာရေးနှစ်မှ အစိုးရကျောင်းတွင် တိုင်းရင်းသားဘာသာ သင်ကြားမည်

ကချင်ပြည်နယ် အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာ သင်ကြားမည့် ဆရာများကို လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှစီစစ် လက်ခံတော့မည်ဖြစ်သည်။

ကချင်ပြည်နယ် ပညာရေးဦးစီးဌာနမှ ဒုတိယ ညွှန်းကြားရေးမှူး ပညာနှင့် စီမံတာဝန်ပူးတွဲထမ်းဆောင်နေသည့် ဦးသန်းထွန်း က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဒါကအစကတည်းက တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနလုပ်ရမယ့် လုပ်ငန်းပါ ဒါပေမယ့် မြို့နယ်တွေမှာက တိုင်းရင်းသားဦးစီးဌာနဆိုတာ ခုမှစပြီးတော့ ဖွဲ့စည်းဆဲ ပြည့်ပြည့်စုံစုံ မဖြစ်သေးတဲ့အတွက် ကျနော်တို့ပညာရေးဌာနကနေ ကူညီနေတာပါ။ ဒါပေမယ့် ဒီနှစ်ကတော့ အားလုံး စီစစ်တာရော ခန့်အပ်တာရော တိုင်းရင်းသားရေးရာဝန်ကြီးဌာနကဘဲ လုပ်ဆောင်တော့မှာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားဘာသာ သင်ကြားမည့် ဆရာမများကို ယခင်က တိုင်းရင်းသားဝန်ကြီးဌာနမှ စီစစ်ပြီး ကချင်ပြည်နယ် ပညာရေးရုံးကသာ စီစစ်ခန့်အပ်ပေးခဲ့ကြာင်း သိရသည်။

ယခုလို စီစစ်ခန့်အပ်မည့် ကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသားစာပေအဖွဲ့မှ ဦးလလော်ဂျုံးလွမ်းက ခုလိုပြောသည်။

"ကျနော်တို့အတွက် ခုလို တိုင်းရင်းသားရေးရာ ဝန်ကြီးဌာကနေ တိုက်ရိုက်ခန့်အပ်မယ်ဆိုတော့ အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားတယ်။ ရှင်းရှင်းလင်းလင်းဖြစ်သွားတာပေါ့။ ပညာရေးဌာနကလည်း အလုပ်များတယ်လေ” ဟုဆိုသည်။

လက်ရှိကချင်ပြည်နယ်တွင် တိုင်းရင်းသားဘာသာသင်ကြားသည့် ဆရာ/မ ဦးရေမှာ ၈၀၀ကျော်ရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ်မှ စတင်သင်ကြားလာကြသည့် တိုင်းရင်းသားဘာသာတွင် ကချင်မျိုးနွယ်စုဝင် ၆မျိုး ရှမ်းမျိုးနွယ်စုဝင် ၅မျိုးတို့၏ စာများကို သင်ကြားပေးကြောင်း သိရသည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...