တိုင်းပြည်ဦးဆောင်သူအမှားများပါက ဆုံးရှုံးမှုများ ဖြစ်လာနိုင်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆို

တိုင်းပြည်ဦးဆောင်သူအမှားများပါက ဆုံးရှုံးမှုများ ဖြစ်လာနိုင်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆို

တိုင်းပြည်ကို ဦးဆောင်သည့် သူ အမှားအယွင်းများ များပြားလာပါက တိုင်းပြည်၏ ဆုံးရှုံးမှုများလည်း ပိုမို များပြား လာနိုင်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

 တပ်မတော်အနေဖြင့်လည်း ၎င်း၏ ဦးဆောင်မှုအောက်တွင် မှန်မှန်ကန်ကန်လုပ်ဆောင်နေပြီး သူ့အနေဖြင့် မှန်မှန်ကန်ကန် မလုပ်ဆောင်ပါက အခက်အခဲပြဿနာများ ဖြစ်နိုင်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

 “တိုင်းပြည်မှာတော့ ပိုပြီးကျယ်ပြန့်တာပေါ့၊ အမှားအယွင်းနည်းနိုင်လေ ပိုပြီးကောင်းလေပေါ့။ အမှားအယွင်း များလာရင် တိုင်းပြည်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်။ ဒါကတော့ ပြည်သူကလည်း ဒါတွေ သိထားဖို့လည်း လိုတယ်။ ဆင်ခြင်ဖို့လည်း လိုတယ်။ သတိတရားနဲ့ လုပ်ဖို့လည်းလိုတယ်လို့ ကျွန်တော်တို့က ဒီလိုပဲမြင်ပါ တယ်” ဟု ၄င်းက ဆိုသည်။

 ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်း ရန်ကုန်ဌာနအကြီးအကဲ Mr.Ryuta SOMETAYA က နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ၄င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအပေါ် မည်ကဲ့သို့ မြင်သလဲ ဆိုသည့် မေးခွန်းကို အဆာဟိရှင်ဘွန်း သတင်းဌာနက မေးမြန်းခဲ့ရာတွင် လက်ရှိအစိုးရသည် ပြည်သူလူထုက ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပေးထားသည့် ကတိကဝတ်များအပေါ် လုပ်ဆောင်နိုင်ခြင်း ရှိမရှိသည် NLD ၏ စွမ်းဆောင်ရည် အပေါ်တွင် မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်ဖြေဆိုခဲ့သည်။

 “အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ရင်လည်း သူ့ရဲ့လုပ်ဆောင်ချက် အပေါ်မှာ မူတည်တာ ပေါ့၊ ဒါက ပြည်သူက မြင်လည်းမြင်နေရတာပေါ့၊ ပြည်သူလည်း ဆုံးဖြတ်လို့ရတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ပြည်သူကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်” ဟု ၄င်းကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်း ရန်ကုန်ဌာနအကြီးအကဲ Mr.Ryuta SOMETAYAတို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စများအပေါ် အထူးအလေးပေး မေးမြန်းဖြေကြားမှုများ ရှိခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...