ကရင်နီဒုက္ခသည်ပညာရေး ဆယ့်နှစ်တန်း အဆင့်ထိ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်

ကရင်နီဒုက္ခသည်ပညာရေး ဆယ့်နှစ်တန်း အဆင့်ထိ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်

ကရင်နီဒုက္ခသည်ပညာရေးဌာန လက်အောက်ရှိ အခြေခံအထက်တန်းကျောင်းကို လာမည့် ၂၀၁၉-၂၀ ခုနှစ် ပညာသင်နှစ်မှာ ဆယ့်နှစ်တန်းအဆင့်ထိ တိုးချဲဖွင့်လှစ်သွားမည်ဟု ကရင်နီပညာရေးဌာနထံမှ သိရပါသည်။

မြန်မာပညာရေးစနစ်သည် ဆယ့်နှစ်တန်းအဆင့်ထိ စတင်ကျင့်သုံးပြီး သင်ကြားနေပြီဖြစ်သည့်အတွက် ကရင်နီဒုက္ခသည်ပညာရေးသည်လည်း အနာဂတ်မှာ မိမိအရပ်ဒေသကို ပြန်သွားရင် ပညာရေးစနစ်ပေါင်းစပ်ရန်အတွက် လွယ်ကူစေရန် စတင်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ကရင်နီပညာရေးဌာန ညွန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။

“သင်ရိုးညွန်းတမ်းတွေ မတူပေမဲ့လည်း ပေါင်းစပ်နိုင်တဲ့ စနစ်တချို့တစ်ဝက်တော့ လိုပါတယ်။ ဒါကြောင့် ဒီအနာဂါတ်မှာ စနစ်နှစ်ခုကို ပြန်ပြီးပေါင်းစပ်ဖို့ (သို့မဟုတ်) မိမိရဲ့အမျိုးသားပညာရေးစနစ်နဲ့ ဆက်လက်ရပ်တည်နိုင်ဖို့က နိုင်ငံတကာမှာရှိတဲ့ ပညာရေးစနစ်တွေနဲ့ အနီးစပ်ဆုံးဖြစ်ဖို့လိုတယ်။ ဆ” ဟု ဆရာဘူးရယ်က ပြောသည်။

ကရင်နီဒုက္ခသည်အဆင့်မြင့် ပညာရေးကောလိပ်သည် လက်ရှိမှာ သုံးနှစ်ဆိုသည့် ကာလကိုသာ သင်ကြားနေသေးသည့်အတွက် နိုင်ငံတကာအဆင့်နှင့် ညီရန် ၄ နှစ်အထိ ထပ်မံတိုးချဲဖွင့်လှစ်ရန်လည်း အစီစဉ်ရှိသည်ဟု သိရသည်။

ဤအစီစဉ်အားလုံးကို လာမည့် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် ဆွေးနွေးညှိနိုင်း ပြင်ဆင်မူ လုပ်နေပါသည်။

“ကျမတစ်ယောက်အနေနဲ့ဆို ပိုပြီးကောင်းတယ်ပေါ့နော်။ ဘာဖြစ်လဲဆိုလို့ရှိရင် ကလေးတွေလည်း အရည်အချင်းတွေ ပိုပြည့်ဝမယ်။ ပြီးတော အခုလက်ရှိ အထက်တန်းကျောင်းတက်နေတဲ့ ကလေးတွေက အရမ်းအသက်ငယ်သေးတယ်။ ဆယ်တစ်တန်း ဆယ်နှစ်တန်းဆိုလည်း တကယ့် နိုင်ငံတကာနဲ့ ပြောမယ်ဆိုရင် စံချိန်မှီတယ်ပေါ့နော်။”ဟု ကရင်နီဒုက္ခသည်ပညာရေးဌာနမှ အထက်တန်းပြဆရာမဖြစ်သူ မရိုစီကပြောသည်။

နိုင်ငံတာကာနှင့် စံချိန်မှီသည့်သင်ရိုးညွန်းတမ်းများဖြစ်စေရန် သုသေတနများ စတင်ရှာဖွေဆောင်ရွက်နေပြီဖြစ်ပြီး ဆယ့်နှစ်တန်း ပညာရေးနှင့် ကိုက်ညီသည့် မြန်မာစာဘာသာရပ်ကိုလည်း မြန်မာပြည်အစိုးရပညာရေးဌာနနှင့် ချိတ်ဆက်ရန် လိုအပ်လျက်ရှိနေသေးသည်ဟုသိရသည်။

“ဒီလိုဆယ့်နှစ်တန်း အစီစဉ်ဖြစ်အောင် ဆက်လုပ်ဖို့ဆိုတာ လိုအပ်ချက်တွေ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေက ကျောင်းဆရာ/မရဲ့ထောက်ပံ့ကြေး လိုအပ်ချက်၊ သင်အထောက်အကူပစည်းလိုအပ်ချက်၊ ကျောင်းဆောင်တိုးချဲဆောက်လုပ်ဖို့လိုအပ်ချက်စတာတွေ လိုအပ်နေတယ်”ဟု ဆရာဘူးရယ်က ဆက်ပြောသည်။

လက်ရှိ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ကရင်နီဒုက္ခသည်ပညာရေးဌာနလက်အောက်ရှိ စုစုပေါင်း ဆရာ/မ ဦးရေက ၁၅၃ ဦးရှိပြီး ကျောင်းသား/သူ ဦးရေဟာ ၂၃၈၄ ဦးရှိသည်ဟု သိရသည်။

June 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ဆိုလဖဲခို ကျေးရွာမှာ ရာသီတုပ်ကွေးကြောင့် ဒေသခံတွေ...
June 13, 2026
“ကျမတို့ စနစ်သစ်မှာဆိုရင် ကျောင်းသား ၃၀ ဦးကို ၁ ခန်း (စာသင်ခန်း)နှုန်းနဲ့ ကျမတို့ သတ်မှတ်တယ်။ ၃၀...
June 12, 2026
ကရင်နီပြည်တွင်းမှာ စိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့ ဒေသခံတွေ ၊ စစ်ရှောင်တောင်သူတွေကို...
June 11, 2026
၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ချိန်ရောက်လာပြီဖြစ်ပေမယ့် ကရင်နီပြည်က...