ပါတီထူထောင်ရခြင်း အကြောင်းရင်း ၂ ချက်ရှိဟု သူရဦးရွှေမန်းပြော

ပါတီထူထောင်ရခြင်း အကြောင်းရင်း ၂ ချက်ရှိဟု သူရဦးရွှေမန်းပြော

ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ထူထောင်ဖြစ်သည့် အကြောင်းအရင်း ၂ ချက် ရှိကြောင်း  သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြောဆိုလိုက်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၄ ရက်က လူမှုကွန်ယက်တွင် ရုပ်သံထုတ်လွှင့်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတော်နှင့် နိုင်ငံသား အကျိုးစီးပွားအတွက် အသက်ရှင်ကျန်းမာသရွေ့ မည်သည့်နေရာ၊ မည်သည့် တာဝန်နှင့်မဆို အလုပ်အကျွေးပြုလိုတဲ့ ကျွန်တော့ရဲ့ စိတ်စေတနာ၊ ယနေ့နိုင်ငံေတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ယခုအခြေအနေထက် ပိုမို သာလွန် ကောင်းမွန်စေရန် ပြည်သူများနှင့်အတူ နိုးနိုးကြားကြား၊ တက်တက်ကြွကြွ ဆောင်ရွက်ရန် သင့်တော်တဲ့ အချိန်ရောက်ပြီလို့ ယူဆတဲ့အတွက်ကြောင့် ယခုလို ပါတီတစ်ရပ်ထူထောင်ဖို့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ” ဟု အမည်ပေးထားသော နို်င်ငံရေးပါတီတွင် သူရဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားသည်။

ထို့ပြင် သူရဦးရွှေမန်းက “ ပြည်ထောင်စုကြီး ကောင်းကျိုးချမ်းသာရရှိအောင် ဆောင်ရွက်လိုလျှင် တစ်ဦး တစ်ယောက်တည်း ဆောင်ရွက်တာထက် အစုအဖွဲ့နဲ့ လုပ်လို့ရနိုင်တာထက် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ပြီးမှ ဆောင်ရွက်လျှင် ပိုမိုထိရောက်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင် လျှောက် ထားခဲ့ခြင်းဖြစ်ပြီး ပါတီမူဝါဒများကိုလည်း ယင်းနေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ဆက်လက်ပြီး ခံယူချက်၊ ယုံကြည်ချက်တသူ၊ သဘောထားတူသူများနှင့် လက်တွဲပူးပေါင်းပြီး ဆောင်ရွက်မှ နိုင်ငံနှင့်ပြည်သူကို အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်းပါ ထည့်သွင်းပြောဆိုထားသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...