နိုင်ငံအတွက်အကျိုးရှိမည်ဆိုလျှင် သူရဦးရွှေမန်းပါတီနှင့်ပူးပေါင်းသွားမည်ဟု NLD ပြောခွင့်ရဆို

နိုင်ငံအတွက်အကျိုးရှိမည်ဆိုလျှင် သူရဦးရွှေမန်းပါတီနှင့်ပူးပေါင်းသွားမည်ဟု NLD ပြောခွင့်ရဆို

နိုင်ငံအတွက် အကျိုးရှိမည့် ကိစ္စရပ်များ ပေါ်ပေါက်လာလျှင် သူရဦးရွှေမန်း တည်ထောင်သည့် ပါတီနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က မဇ္စျိမကို ပြောဆိုသည်။

“ဒါတွေကတော့ နောက်ပိုင်းကျမှ စဉ်းစားရမှာပါခင်ဗျ။ အခုလောလောဆယ်မှာ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ ပူးပေါင်းဆောင်ရွက်မှုကတော့ သူရဦးရွှေမန်းရဲ့ အတွေ့အကြုံနဲ့ နိုင်ငံအတွက် အသုံးချနိုင်အောင်လို့ ပူးပေါင်းဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စရပ် ပေါ်ပေါက်လာရင်တော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က ဆိုသည်။

 ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအမည်ဖြင့် ပါတီတည်ထောင်လာသည့် သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့အကြား ပူးပေါင်းဆောင်ရွက်လာနိုင်ဖွယ် ရှိ မရှိ မဇ္စျိမသတင်းဌာန၏ မေးမြန်းမှုကို ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းသည်  ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး၌ လွှတ်တော်တွင်း ရောက်ရှိလာသည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သည်။

 ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ဖယ်ရှားခံခဲ့ရသည့် သူရဦးရွှေမန်း ကို NLD အာဏာရခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။

 ယင်းနောက် သူရဦးရွှေမန်းဦးဆောင်ပြီး ပြည်ခိုင်ဖြိုးပါတီမှ လူဟောင်းအချို့နှင့် တတ်သိပညာရှင် အချို့ စုပေါင်းကာ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ အမည်ဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်ထံ အမည်တင်သွင်းပြီး သီးခြားပါတီ ထူထောင်ခဲ့သည်။

 သူရဦးရွှေမန်းဦးဆောင်သော ပါတီ၏ မူဝါဒများထဲတွင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး ၊ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပေါ်လာရေး စသည့် အချက်များကို ထည့်သွင်း လာခဲ့ရာ ဖွဲ့စည်းပုံပြင်ဆင်မည်ဟုကြွေးကြော်ကာ ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် နီးစပ်မှု ရှိနေခဲ့သည်။

 

သူရဦးရွှေမန်း ပါတီ ထူထောင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာမျိုးညွန့်က “ဒီမိုကရေစီဖက်ဒရယ်ကို ဦးတည်ပြီး ဆောင်ရွက်မယ့် ပါတီဆိုရင် အားလုံးကို ကြိုဆိုပါတယ်။ ဒီမိုကရေစီအရေး ဆိုတာလည်း ပါတီတစ်ခုတည်းထက် ပါတီအများ ပူးပေါင်းဆောင်ရွက်တာ ပိုသင့်တော်တယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...