ငါးနှစ်ဆက်တိုက် ဌာနဆိုင်ရာသို့ တင်ပြခဲ့သည့် လယ်ယာကုန်ထုတ်ကျောက်ချောလမ်း ရေးဆွဲတော့မည်

ငါးနှစ်ဆက်တိုက် ဌာနဆိုင်ရာသို့ တင်ပြခဲ့သည့် လယ်ယာကုန်ထုတ်ကျောက်ချောလမ်း ရေးဆွဲတော့မည်

ငါးနှစ်ဆက်တိုက်တင်ပြတောင်းဆိုခဲ့သည့် လွိုင်ကော်မြို့နယ်ရှိ ဒေါပေါ်ကလဲရွာမှ ကန်နီကျေးရွာ လယ်ယာကုန်ထုတ်လမ်းကို လာမည့်ဘတ်ဂျက်နှစ်တွင် ကျောက်ချောလမ်းအဖြစ်ထည့်ဆွဲတော့မည်ဟု သိရသည်။

ဒေသခံတောင်သူလယ်သမားများအမှန်တကယ် သွားလာရေးအခက်အခဲရှိနေသည့်အတွက် နှစ်စဉ်နှစ်တိုင်းသက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုခဲ့သော်လည်း ဘတ်ဂျက်မကျခဲ့ကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့သည်။

အဆိုပါလမ်းကို ဆောင်ရွက်ပေးရန် ဌာနဆိုင်ရာ ဆည်မြောင်းဦးစီးဌာနသို့ ၂၀၁၃ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာရေးနှစ်များတွင် တင်ပြခဲ့သော်လည်း မရရှိခဲ့ပေ။

၎င်းက “၂၀၁၄၊၂၀၁၅၊၂၀၁၆၊၂၀၁၇၊၂၀၁၈ခုနှစ်အထိ ဌာနဆိုင်ရာအသီးသီးက ဘဏ္ဍာရေးနှစ်တွေမှာတင်ပြပေမယ့်လို့ လုံးဝ ရတာမရှိပါဘူး၊ရတဲ့နှစ်တွေကလည်း ဆင်းပါးစပ်နှမ်းပက်သလိုပဲ အနည်းငယ်သာ ရရှိတာဖြစ်ပါတယ်။” ဟု ဇန်နဝါရီလ ၂၁ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့၌ ဒေါက်တာ ခင်စည်သူက မေးမြန်းခဲ့ချိန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဘီလူးချောင်းအနောက်ဘက်ရှိရွာပေါင်း ၁၂ရွာ၊ အရှေ့ဘက်ရှိ ၁၀ရွာတို့၏ ဒေသခံတောင်သူများ အားကိုးအားထားရသည့်အပြင် လွိုင်ကော်မြို့နှင့်ပါ ဆက်သွယ်သွားလာနိုင်ပြီး ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုလျက်ရှိသည်။

မိုးဗြဲလက်ဝဲမြောင်းမှတိုက်ရိုက် မိုင်တိုင် ၉၂၄ အထိ၊ မိုးဗြဲ လက်ဝဲမြောင်းလက်တံ(၂)၊ လက်တံ(၃)ရေသောက်စနစ်အတွင်းရှိ ကွင်းပေါင်း ၂၀ ၏ ရေသောက် ဧကပေါင်း ၅၇၇၀ မှ ထွက်ရှိလာမည့် စပါးတင်းပေါင်း ပျမ်းမျှ၄၆၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။

အဆိုပါလယ်ယာကုန်ထုတ်လမ်းသည် မြေသားလမ်းဖြစ်ပြီး အလျားပေ ၈၅၀၀x အကျယ် ၁၂ ပေခန့်ရှိပါကြောင်းနှင့် မိုးရာသီအတွင်း ဆက်သွယ်သွားလာရန် အခက်အခဲ ရှိပါသောကြောင့် ရာသီမရွေးသွားလာနိုင်မည့် ကျောက်ချောလမ်းခင်းပေးရန် လိုအပ်လျက်ရှိသည်ဟုသိရသည်။

မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခန့်မှန်းကုန်ကျငွေတွက်ချက်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ လိုအပ်ရန်ပုံငွေကို ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှု ပေါ်မူတည်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့ပါသည်။

May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...