တာဝန်မှ ရပ်စဲခံရသော ဦး H လအောင် ကို တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ခန့်အပ်

တာဝန်မှ ရပ်စဲခံရသော ဦး H လအောင် ကို တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ခန့်အပ်

နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် တာဝန်မှ ရပ်စဲခံရသော ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦး H လအောင် ကို တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ အဖြစ် ယနေ့ ဒုတိယအကြိမ် (၁၄)ကြိမ်မြောက် ပုံမှန် လွှတ်တော်အစည်းအဝေး စတုတ္ထနေ့တွင် ပြန်လည် ခန့်အပ်လိုက်သည်။

အစည်းဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိဘဲ လွှတ်တော်တွင် အတည်ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

“ကျနော်အနေနဲ့ လွှတ်တော် တာဝန်တစ်ခုပြန်ပေးတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ပြီးရင်အခုပေးတဲ့တာဝန်က တိုင်းရင်းသာအရေးဖြစ်တယ်။ အရမ်းစိတ်ဝင်စားပါတယ်။ ကချင်ပြည်နယ်မှာ နောက်ထပ်တိုင်းရင်းသားတွေ ဘယ်လောက်ရှိလဲဆိုတာကို ဖော်ထုတ်သွားမယ်။ တိုင်းရင်းသားအချင်း နိုင်းငံတော်အတွက် အင်းအားတစ်ရပ်ဖြစ်လာအောင်လုပ်ဆောင်သွားမယ်လို့” သယံဇာတဟောင်း Hkyeng La Awng (H. လအောင်) က ကချင်သတင်းဌာန KNG ကို ပြောသည်။

သို့သော်လည်း ကချင်ညီမျှခြင်းဂျိန်းဖော့ (Kachin = Jinghpaw) ဆိုသော ထိရှလွယ်တဲ့ အကြောင်းအရာကို သူ ဦးစားပေးလုပ်ဆောင်သွားမည် မဟုတ်ကြောင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးညီညွတ်ရေး အားကောင်းစေလာရန်အတွက် ရည်ရွယ်ပြီး ရှေ့တန်းတင် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သူက ဆက်ဆိုသည်။

သယံဇာတဝန်ကြီးဟောင်း H လအောင် ကို ဇန်နဝါရီလ ၂၁ရက်နေ့ သမ္မတမိန့်စာဖြင့် တာဝန်မှ ရပ်စဲခံရသူလည်းဖြစ်သည်။

ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...