တာဝန်မှ ရပ်စဲခံရသော ဦး H လအောင် ကို တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ခန့်အပ်

တာဝန်မှ ရပ်စဲခံရသော ဦး H လအောင် ကို တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ ခန့်အပ်

နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် တာဝန်မှ ရပ်စဲခံရသော ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦး H လအောင် ကို တိုင်းရင်းသားရေးရာ ကော်မတီ ဥက္ကဌ အဖြစ် ယနေ့ ဒုတိယအကြိမ် (၁၄)ကြိမ်မြောက် ပုံမှန် လွှတ်တော်အစည်းအဝေး စတုတ္ထနေ့တွင် ပြန်လည် ခန့်အပ်လိုက်သည်။

အစည်းဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိဘဲ လွှတ်တော်တွင် အတည်ဖြစ်ခဲ့ကြောင်းလည်းသိရသည်။

“ကျနော်အနေနဲ့ လွှတ်တော် တာဝန်တစ်ခုပြန်ပေးတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ပြီးရင်အခုပေးတဲ့တာဝန်က တိုင်းရင်းသာအရေးဖြစ်တယ်။ အရမ်းစိတ်ဝင်စားပါတယ်။ ကချင်ပြည်နယ်မှာ နောက်ထပ်တိုင်းရင်းသားတွေ ဘယ်လောက်ရှိလဲဆိုတာကို ဖော်ထုတ်သွားမယ်။ တိုင်းရင်းသားအချင်း နိုင်းငံတော်အတွက် အင်းအားတစ်ရပ်ဖြစ်လာအောင်လုပ်ဆောင်သွားမယ်လို့” သယံဇာတဟောင်း Hkyeng La Awng (H. လအောင်) က ကချင်သတင်းဌာန KNG ကို ပြောသည်။

သို့သော်လည်း ကချင်ညီမျှခြင်းဂျိန်းဖော့ (Kachin = Jinghpaw) ဆိုသော ထိရှလွယ်တဲ့ အကြောင်းအရာကို သူ ဦးစားပေးလုပ်ဆောင်သွားမည် မဟုတ်ကြောင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးညီညွတ်ရေး အားကောင်းစေလာရန်အတွက် ရည်ရွယ်ပြီး ရှေ့တန်းတင် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သူက ဆက်ဆိုသည်။

သယံဇာတဝန်ကြီးဟောင်း H လအောင် ကို ဇန်နဝါရီလ ၂၁ရက်နေ့ သမ္မတမိန့်စာဖြင့် တာဝန်မှ ရပ်စဲခံရသူလည်းဖြစ်သည်။

အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...
May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...