တရုတ်နိုင်ငံသူ ၁၇ ဦးကို ပြည်တန်ဆာမှုဖြင့် စွဲချက်တင်

တရုတ်နိုင်ငံသူ ၁၇ ဦးကို ပြည်တန်ဆာမှုဖြင့် စွဲချက်တင်

တောင်ဥက္ကလာပမြို့နယ် (၈) ရပ်ကွက်တွင် အလှပြင်ဆိုင်လုပ်ငန်းဗန်းပြပြီး ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင် ခဲ့သည့် တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးကို ပြည်တန်ဆာနှိပ်ကွပ်ရေးဥပဒေဖြင့် စွဲချက်တင်လိုက်ပြီဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးမြင့်သန်း ကပြောသည်။

 အဆိုပါအမှုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ရုံးထုတ်တွင်စစ်ဆေးမှုအပြီး တောင်ဥက္ကလာပ မြို့နယ်တရားသူကြီးက စွဲချက်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 “ တရုတ်မလေးတွေ ၁၇ ယောက်ကို စွဲချက်က ပုဒ်မ ၃(က) နဲ့တင်တယ်။ နောက်တစ်ခါ ကျွန်တော်လိုက်တဲ့ တရုတ်မလေး ၄ ယောက်ရယ်၊ ကျန်တဲ့အလုပ်သမား ၉ ယောက်ရယ် မန်နေဂျာအပါအဝင် ၁၁ ယောက်ကို နဂိုမူလစွဲဆိုထားတဲ့ ပြည်တန်ဆာ အက်ဥပဒေပုဒ်မ ၅(၁) နဲ့ပဲစွဲချက်တင်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးမြင့်သန်းကဆိုသည်။

 ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် တရုတ်နိုင်ငံသား အမျိုးသမီး ၁၇ ဦးကို ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ၃ (က) ဖြင့်လည်းကောင်း ဆိုင်မန်နေဂျာအပါအဝင် ဆိုင်ဝန်ထမ်း ၁၁  ဦးတို့ကို ဥပဒေပုဒ်မ ၅(၁) ဖြင့် လည်းကောင်း စွဲချက်အမိန့်ချခဲ့ခြင်းလည်းဖြစ်သည်။

 အဆိုပါအမှုကို တိုင်းရဲတပ်ဖွဲ့မှ ရဲအုပ်တင့်လွင်က တရားလိုပြုလုပ်ကာ အမှုဖြင့်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၁၆ ဦးကို စစ်ဆေးကာ စွဲချက်တင်ခဲ့ခြင်းဟုလည်း တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးမြင့်သန်း ကပြောသည်။

 “ ဘာအခက်အခဲတွေ့နိုင်လဲဆိုတော့ ၃(က) နဲ့စွဲချက်တင်ထားတဲ့နိုင်ငံခြားသားတရုတ်သူ ၁၇ ယောက် ကလည်း ဗမာစကားမပြောတတ်တော့ ဘာသာပြန်မယ့်သူ အဲ့ဒါရမှ ၁၈ ရက်နေ့စစ်ဖြစ်မယ်” ဟု ဦးမြင့်သန်းကဆိုသည်။

ထိုအမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ရုံးချိန်းတွင် တရားခံပြသက်သေများ စတင် စစ်ဆေးမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ဖြစ်သူ မစ္စတာဝမ်မှာ လက်ရှိတွင်ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ရာဇဝတ်မှု ကျင့်ထုံး ဥပဒေပုဒ်မ ၈၇၊ ၈၈ အရ တရားခံပြေးအဖြစ် ကြေငြာထားကြောင်းလည်းသိရသည်။

ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက်တွင် တရားဝင်လိုင်စင်မရှိဘဲဖွင့်လှစ်ထားသော Oriental Spa အမည်ရှိ အလှပြင်ဆိုင်သို့ မေလ ၂၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက်စစ်ဆေးရာ ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေ၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...