၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ထောက်ခံမဲအနိုင်ရ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ထောက်ခံမဲအနိုင်ရ
Photo Credit to Pyidaungsu Hluttaw / ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ဦးအောင်ကြည်၏ အရေးကြီးအဆိုအားလွှတ်တော်က အတည်ပြုကြောင်းပြည်ထောင်စု လွှတ်တော် နာယကကြီးက ကြေငြာနေစဉ်
Photo Credit to Pyidaungsu Hluttaw / ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် ဦးအောင်ကြည်၏ အရေးကြီးအဆိုအားလွှတ်တော်က အတည်ပြုကြောင်းပြည်ထောင်စု လွှတ်တော် နာယကကြီးက ကြေငြာနေစဉ်

ယနေ့ကျင်းပသည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဆဌမနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဖွဲ့စည်းရန် မဲခွဲဆုံးဖြတ် ရာထောက်ခံမဲ ၄၁၄ မဲဖြင့်အနိုင်ရရှိခဲ့သည်။

လွှတ်တော်အစည်းအဝေးစတင်ပြီးမကြာခင် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၁ ဦးရှိရာ ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲစုစုပေါင်း ဆန္ဒမဲ ၆၁၁ မဲပေးခဲ့ကြသဖြင့် ပြည်ထောင်စု လွှတ်တော် နာယကကြီးက – ထောက်ခံဆန္ဒမဲများသဖြင့် ဦးအောင်ကြည်၏ အရေးကြီးအဆိုအားလွှတ်တော်က အတည်ပြုကြောင်း- ကြေငြာခဲ့ သည်။

ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်ရေးပူးပေါင်းကော်မတီတရပ်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှကိုယ်စားလှယ်ဦးရေ တူညီမျှတစွာ သင့်လျော်သောအရေအတွက်ဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အား ဥက္ကဌအဖြစ်တာဝန်ပေး သွားမည်ဖြစ်ကြောင်း လွှတ်တော်နာယကက ကြေငြာသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က – တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောလျင်စွာ ဆောင်ရွက်နိုင်ဖို့ သင့်တော်တဲ့ လွှတ်တော်ကိုယ် စားလှယ်တွေပါဝင်တဲ့ ပူးပေါင်းကော်မတီ တစ်ရပ်ဖွဲ့စည်းဖို့ – အရေးကြီးအဆို ကို ဇန်နဝါရီလ ၂၉ ရက်နေ့က တင်သွင်းရာ လွှတ်ကိုယ်စားလှယ်များက ထောက်ခံအဆိုများတင်သွင်းခဲ့ပြီး ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်များက ကန့်ကွက်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၅၇ ရှိသည့်အနက် ယနေ့အစည်းအဝေးတွင် ၃၅ ဦး ခွင့်ယူခဲ့ရာ လွှတ်တော်တက်ရောက်သူ စုစုပေါင်း ၆၂၁ ဦးရှိခဲ့သည်။

May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...
May 26, 2026
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်...
May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...