သျှမ်းပြည်အရှေ့ပိုင်းဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်ကွင်းဆင်း တွေ့ဆုံ

သျှမ်းပြည်အရှေ့ပိုင်းဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်ကွင်းဆင်း တွေ့ဆုံ
Photo Credit to Myanmar State Counsellor Office/ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံ
Photo Credit to Myanmar State Counsellor Office/ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံ

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်တွင် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်နှင့် မိုင်းယောင်း ကို ရောက်ရှိကာ ဒေသခံများနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လူထု တွေ့ဆုံပွဲတွင် ဒေသခံများက အခက်အခဲ လိုအပ်ချက်များကို တင်ပြကြပြီး၊ တိုက်ရိုက် တိုင်ကြားစာ များကိုလည်း ဒေါ်အောင်ဆန်းစုကြည် အားပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ် မြို့ လူထုတွေ့ဆုံပွဲကို အောင်မြတ်ခန်းမတွင် ပြုလုပ်ခဲ့ပြီး၊ ပြည်သူလူထုများက အဓိက အနေဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်များ ခန့်ထားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မြေယာ ကိစ္စ နှင့် လူငယ်ရေးရာ ကိစ္စ များကို တင်ပြခဲ့ကြောင်း အဆိုပါ လူထု တွေ့ဆုံပွဲသို့ တက်ရောက်သည့် အမျိုးသား တဦး ကပြောသည်။

“လမ်းပန်းဆက်သွယ်ရေး က အစိုးရရဲ့ တာဝန်ဆိုတာ မှန်ပါတယ်။ နိုင်ငံတော် ကို အုပ်ချုပ်နေတဲ့ အစိုးရ က လမ်းပန်းဆက်သွယ်ရေး ကို တတ်နိုင်သမျှ လုပ်ပေးရမယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေက ပါဝင်ရမယ်။ ကိုယ်အတွက် ဆောက်ထားတဲ့လမ်း မပျက်စီးရေးကို ကိုယ်ကလည်း စည်းကမ်းနဲ့ ထိမ်းသိမ်းရမယ်” ဟု နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ တာချီလိတ် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး တာချီလိတ် မိုင်းဆက်လမ်းကို ရာသီမရွေး သွားလာနိုင်သည့်လမ်းဖြစ်ဖို့အတွက် ပထမ ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၈ ၊ ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မိုးရွာသီတွင်သွားလာရန် ခက်ခဲသည့် နေရာများနှင့် အတက်အဆင်း မတ်စောက်သည့်နေရာများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၁၉ ၂၀၂၀ ခုနစ်တွင်လည်း ရန်ပုံငွေ ပေါ်မူတည်ပြီး ဆောင်ရွက်သွားမည်ဟု အဆိုပါ လူထုတွေ့ဆုံပွဲတွင် ပြောကြား ခဲ့သည်။

“ ကတ္တရာလမ်း ဖြစ်ဖို့ ချက်ချင်း အမြန်ကြီး မလုပ်ပေးနိုင်ပါဘူး။ အဆိုးဆုံးနေရာ တွေကို စပြီး ပြင်ပေးပါမယ် ။ မိုးရာသီမှာခက်ခက်ခဲခဲ မဖြစ်အောင်လို့စပြီး ပြင်ပေးပါမယ်။ နောက်နှစ် ဘတ်ဂျက်ပိုရရင်ပိုပြင်ပေးပါမယ်။ အဲ့အတိုင်းပဲ အစိုးရ လုပ်သွားမယ်လို့ ကျမ ယုံကြည်ပါတယ်” ဒေါ်အောင်ဆန်းစုကြည် က ထပ်လောင်း ပြောကြားသည်။

သျှမ်းပြည်နယ် အတွင်းရှိ ပြည်သူလူထုများကို အစိုးရ လုပ်ဆောင်ချက်ကို ပြည်သူအားသိစေလိုပြီး ၊ ပြည်သူ့ လူ့ထု များ၏ မျှော်လင့်ချက် ၊စိုးရိမ်မှုကို သိရှိလိုပြီး၊ ပြည်သူ့အသံ နားထောင်ချင်သဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းယောင်းအပြင် ကျိုင်းတုံ၊ မိုင်းဆတ် မြို့ သို့လည်း ဆက်လက်သွားရောက်မည်ဟု သိရသည်။

ဖေဖော်ဝါရီ ရ ရက်နေ့ သျှမ်း အမျိုးသားနေ့ တွင် သျှမ်းပြည် တောင်ကြီးမြို့တွင် လူထုတွေ့ဆုံပွဲ ထပ်မံပြုလုပ်ကာ မိန့်ခွန်းပြောကြားမည် ဟု သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...