ခြေဥပြင်ဆင်ရေးတွင် အချုပ်အခြာအာဏာထိပါးနိုင်မည့် ပုဒ်မများကို ပြင်ဖို့ သဘောမတူဟုဆို

ခြေဥပြင်ဆင်ရေးတွင် အချုပ်အခြာအာဏာထိပါးနိုင်မည့် ပုဒ်မများကို ပြင်ဖို့ သဘောမတူဟုဆို

အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုထိပါးနိုင်သည့် ပုဒ်မများကို ပြင်ဆင်ဖို့ သဘောမတူကြောင်း တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်း ပြည် သူ့ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ဦးလှဆွေ(ခ)ဘူးလက်လှဆွေ ကပြောသည်။

"အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထိပါနိုင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လမ်းကြောင်းကို အကုန်သဘောတူတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တဲ့ ပုဒ်မ တွေကိုတော့ သဘောမတူဘူးလို့ ဒီနေရာကနေ ကျွန်တော်အနေနဲ့ တင်ပြချင်တယ်" ဟု ဦးလှဆွေ ကပြော သည်။

တပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာရပ်စဲရေး ကြေညာချက်အား ကြိုဆိုခြင်းနှင့် ပြည်ထောင်စုဖွားတိုင်းရင်း သားညီအစ်ကိုများမှ ငြိမ်းချမ်းရေးအတွက် အတူတကွပူးပေါင်းပါဝင်ရေး ပြည်သူဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်မြို့ ဆူးလေး မြို့တော်တော်ခန်းမရှေ့တွင် ဖေဖော်ဝါရီ ၃ရက်က ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ဦးလှဆွေ ကပြောခဲ့ခြင်း သည်။

တိုင်းပြည်ကို ခေါင်းဆောင်မည့် မျိုးရိုးစဉ်ဆက်သည် တိုင်းတစ်ပါးသြဇာခံမဖြစ်ဖို့အတွက် ပုဒ်မ ၅၉(စ)ကို ထည့် သွင်းထားခြင်းဖြစ်ပြီး ၎င်းပုဒ်မကို မပြင်သင့်ကြောင်း ဦးလှဆွေ ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဘူးလို့ တစ်ခါမှ မပြောခဲ့ဘူးကြောင်း ဇန်နဝါရီလ ၃၁ရက်နေ့က မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ မုန်တိုင်ဒေသတွင်ပြုလုပ်သော ဘုရင့်နောင်ပူးပေါင်း လေ့ကျင့်ခန်း တပ်မတော်(ကြည်း၊ လေ) အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးသို့ တက်ရောက်စဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မဇ္စျိမ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အာဏာရ NLD က တင် သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြင်ဆင်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေး ကြီးအဆို တင်သွင်းခဲ့ပြီး မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၉၄မဲ၊ ကန့်ကွက်မဲ ၁ရမဲ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းရန် အရေးကြီးအဆိုကို လက်ခံဆွေးနွေးရန် လွှတ် တော်က ဆုံးဖြတ်ထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...