ရိုက်တာသတင်းသမားအမှုအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်း

ရိုက်တာသတင်းသမားအမှုအယူခံ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်း

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တင်သွင်းလိုက်ပြီဟု သတင်းထောက်များဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္စျိမသို့ ပြောဆိုသည်။

 “ဟုတ်ကဲ့ တင်လိုက်ပါပြီ။ တရားလွှတ်တော်ချုပ်က ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၄၈(ခ) နဲ့ လက်ခံ လိုက်ပါတယ်” ဟု ဦးခင်မောင်ဇော်က ဆိုသည်။

 ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ စာရင်းကို ရိုက်တာသတင်းသမားများ၏ လက်ထဲတွင် လက်ဝယ် တွေ့ရှိရသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အမှုစစ်ဆေးခဲ့ကာ  ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့တွင် ၄င်းတို့အား မြောက်ပိုင်း ခရိုင်တရားရုံးမှ ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းတို့၏ အယူခံလျှောက်ထားချက်ကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ဇန်နဝါရီ ၁၁  ရက်နေ့တွင် ပယ်ချခဲ့သည်။ ယင်းအတွက်ကြောင့် အယူခံလျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြောင်းလဲ လျှောက်ထားခြင်း ဖြစ်သည်။

 ရန်ကုန်တိုင်းတရားလွှတ်တော်မှ ရိုက်တာသတင်းထောက်များ၏ အယူခံလျှောက်ထားမှုကို ပလပ် လိုက်ခြင်းသည် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အပေါ် ကျရောက်နေသည့် မတရားမှုများထဲမှ တစ်ခုဖြစ်သည်ဟု ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် Stephen J. Adler က ပြောဆိုထားသည်။

 ရိုက်တာသတင်းသမားများ စတင်ဖမ်းဆီးခံရချိန်မှစတင်ကာ နိုင်ငံတကာသံတမန်များ ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ပြန်လွှတ်ပေးရန် တောင်းဆိုနေခဲ့ခြင်းများလည်းရှိသည်။

 ရိုက်တာသတင်းသမားများ၏အမှုကို ပြန်လည်စိစစ်သုံးသပ်ပေးရန်လည်း နိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုချက်များလည်း ရှိနေခဲ့သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...