မန္တလေးမြို့၊အများပြည်သူသုံး အဆင့်မြှင့်သန့်စင်ခန်း ASEAN Public Toilet Awards ရရှိ

မန္တလေးမြို့၊အများပြည်သူသုံး အဆင့်မြှင့်သန့်စင်ခန်း ASEAN Public Toilet Awards ရရှိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် လမ်း (၇၀)၊ (၂၆)လမ်း နှင့် (၂၇)လမ်းကြားရှိ နိုင်ငံတကာအဆင့်မှီ အများ ပြည်သူသုံး အဆင့်မြှင့်သန့်စင်ခန်းသည် (၂၀၁၉)ခုနှစ် ဇန်နဝါရီလနောက်ဆုံးအပတ်က ASEAN Public Toilet Awards ရရှိခဲ့ကြောင်း သိရသည်။

“အခုအာဆီယံကနေ ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့အတွက် အာဆီယံဒေသ နိုင်ငံတွေမှာရှိတဲ့ အများပြည်သူသုံး သန့်စင်ခန်းတွေကို သူတို့ ရွေးချယ်ပြီးတော့ ဆုချီးမြှင့်တဲ့ အစီအစဉ်တစ်ခု လုပ်ပါတယ်။ အဓိကကတော့ ခရီးသွား လုပ်ငန်း မြှင့်တင်ဖို့အတွက်ပေါ့နော်။ သန့်စင်ခန်းတွေဟာ ခရီးသွားလုပ်ငန်းမှာ အင်မတန်မှ အရေးကြီးတဲ့ အတွက် လူတွေအတွက် လိုအပ်တယ်။ အရေးကြီးတယ်လို့ မြင်တဲ့အတွက် လုပ်တာပါ။ဆုပေးတဲ့အခါမှာ ဘာကို အကဲဖြတ်သလဲဆိုတော့ Toilet ရဲ့ဒီဇိုင်းရယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီအောင် စီမံခန့်ခွဲထားတဲ့ စနစ်ရယ် Toilet ကဝင်ဖို့ ထွက်ဖို့နဲ့ အသုံးပြုဖို့လည်း လွယ်ပြီးတော့ အသုံးပြုချင်စဖွယ်လေးဖြစ်ရမယ်။ အဲ့ဒီလို သုံးနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ရှိရမယ်။နောက်တစ်ခုက သန့်ရှင်းရမယ် ။ ဘေးကင်းလုံခြုံရမယ် ဆိုတဲ့ အချက်တွေအပေါ်မှာ အခြေပြုပြီးတော့မှ ဆုချီးမြှင့်တာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

အဆိုပါ သန့်စင်ခန်းတွင် အမျိုးသားသန့်စင်ခန်း သုံးခန်း (ဆီးစွန့်ကန်သုံးခုတွင် ကလေးများအတွက် ဆီးစွန့် ကန် အနိမ့်တစ်ခုပါဝင်)၊ အမျိုးသမီးသန့်စင်ခန်း လေးခန်း နှင့် Wheel Chair အသုံးပြုရသော မသန်စွမ်းသူများ အတွက် တစ်ခန်းအပါအဝင် စုစုပေါင်း ရှစ်ခန်း ပြုလုပ်ပေးထားပြီး ကျုံးပတ်ဝန်းကျင်နေရာများ၌ အနားယူ အပန်းဖြေသူများ၊ အားကစားလုပ်သူများ၊ နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် အဆင်ပြေအောင် အလှူရှင်က စုစုပေါင်း ကုန်ကျစရိတ် သိန်းတစ်ထောင်ခန့် ဖြင့် တည်ဆောက်ပေးထားခြင်းဖြစ်သည်။

 နိုင်ငံတကာအဆင့်မှီ အများပြည်သူသုံး အဆင့်မြှင့်သန့်စင်ခန်းတွင် ဆင်ဆာစနစ်ပါသောလက်ဆေးကန်များ၊ နည်းပညာမြင့် လှောင်ကန်စနစ်၊ လေအေးပေးစက်၊ လက်အခြောက်ခံစက်၊ အလိုလျောက်အိမ်သာ ရေဆွဲ ချသည့်စနစ်၊ လျှပ်စစ်မီးပြတ်တောက်ပါက အလိုလျောက်မီးလင်းစနစ်၊ အညစ်အကြေးများအား Septic Tank စနစ် အသုံးပြု ချေဖျက်မည်မဟုတ်ဘဲ Bio-Tank စနစ်ဖြင့် ချေဖျက်ပြီး အနံ့မပါသော ရေကြည်များကိုသာ စွန့်ထုတ်မည့် ခေတ်မီစနစ်၊ မသန်စွမ်းသူများအတွက် သီးသန့်လျှောက်လမ်းများ ပါဝင်သည်။

 

အဆိုပါ အများပြည်သူသုံး အဆင့်မြှင့်သန့်စင်ခန်းကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပြီး နေ့စဉ်မနက်(၅)နာရီ မှ ည(၈)နာရီအထိ ဖွင့်လှစ်ပေးထားရာ သန့်စင်ခန်း အသုံးပြုသူ တစ်ဦးလျှင် (၂၀၀)ကျပ် ကောက်ခံလျက် ရှိသည်။

 (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ မန္တလေး ကျုံးအရှေ့ဘက် (၁၄)လမ်း နှင့် (၆၆)လမ်းထောင့်တွင် တည်ဆောက်ထားသော နိုင်ငံတကာအဆင့်မှီ အများပြည်သူသုံး အဆင့်မြှင့်သန့်စင်ခန်းကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...
April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...