စည်ပင်သာယာရွေးကောက်ပွဲကို လူ ၄၅ဝခန့်ဖြင့် လေ့လာစောင့်ကြည့်မည်

စည်ပင်သာယာရွေးကောက်ပွဲကို လူ ၄၅ဝခန့်ဖြင့် လေ့လာစောင့်ကြည့်မည်

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန်အတွက် လူဦးရေ ၄၅ဝခန့်ကို ခန့်မှန်း ထားပြီး မဲရုံ ၄၅ဝခန့်ကို စေလွှတ်ကာ စောင့်ကြည့် လေ့လာမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ စီမံကိန်းအစီအစဉ်၏ မန်နေဂျာ ဦးဟန်စိုးထွန်း ကပြောသည်။

 "ကျွန်တော်တို့ ခန့်မှန်းထားတာတော့ လူ ၄၅ဝလောက်အထိကို ခန့်မှန်းထားပြီး မဲရုံ ၄၅ဝလောက်ကို လွှတ်ဖို့ရှိပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့လှုပ်ရှားမှု (Observe Yangon) ပရောဂျက်ဖြစ်တဲ့အတွက် ကျွန်တော်တို့က ငွေကြေးရယူပြီးတော့ဆောင်ရွက်တာမဟုတ်တဲ့အတွက် Volunteer အကန့်အသတ်မထားပါ ဘူး။ Volunteer များရင် မဲရုံတွေပိုပြီးတော့ များကြည့်ရှုနိုင်မယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ နည်းစနစ်အရဆိုရင် အမှားရာခိုင်နှုန်းတွေလည်း လျော့သွားမှာဖြစ်ပါတယ်" ဟု ဦးဟန်စိုးထွန်း ကပြောသည်။

 ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး မီဒီ ယာရှင်းလင်းပွဲကို ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ရုံးခန်းတွင် ဇန်နဝါရီ ၃ဝရက်က ကျင်းပပြုလုပ်ခဲ့ သည်။

လက်ရှိအချိန်တွင် Volunteer များကို အွန်လိုင်းမှတစ်ဆင့် ခေါ်ယူမှုများစတင်ဆောင်ရွက်နေပြီး လူ ၁၀၀ ဝန်း ကျင် လက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကို ၂၀၁၉ခုနှစ် မတ်လ ၃၁ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေး ကောက်ပွဲပြုလုပ်သည့်တစ်နေ့လုံးတွင် မဲရုံများ၌ စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

"ရွေးကောက်ပွဲဖြစ်စဉ်ရဲ့ ပြဿနာတွေကိုပဲ ပြောတာမဟုတ်ဘူး။ ရွေးကောက်ပွဲဖြစ်စဉ်ဟာ ဘယ်အတိုင်းအတာ တော့ အဆင်ပြေတယ်။ ဘယ်အတိုင်းအတာတွေမှာတော့ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ယူမှုတာဝန်ခံမှုတွေ၊ လူတိုင်းပါဝင်မှုတွေဟာ ပြဿနာရှိနေသေးတယ်ဆိုရင် အဲဒါတွေကို ပြုပြင်ပြောင်းလဲဖို့ ရည်ရွယ်တာပါ" ဟု ဦးဟန်စိုးထွန်း ကပြောသည်။

 ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု အချက်အလက်အစီရင်ခံစာများကို ရွေးကောက်ပွဲအပြီး ၄၈နာရီအတွင်း ထုတ်ပြန်ကြေညာသွားရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...