ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား နုတ်ထွက်ခိုင်းသည့်စာ အတုသာဖြစ်သည်ဟု AA ဆို

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား နုတ်ထွက်ခိုင်းသည့်စာ အတုသာဖြစ်သည်ဟု AA ဆို

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များအား နုတ်ထွက်ခိုင်းသည့် စာများသည် အတုများသာဖြစ်ပြီး ရက္ခိုင့်အဖွဲ့(AA) ကို ပုံဖျက်တိုက်ခိုက်လိုခြင်းသာဖြစ်သည်ဟု (AA) မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

 “ဒါ ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့လုပ်ကြံပြီး ဖြန့်ဝေတဲ့စာတွေ၊ ဒါ ကျွန်တော်တို့နဲ့ ဘာမှ ပတ်သက်မှုမရှိဘူး” ဟု ခိုင်သုခက ဆိုသည်။

 လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် စာများထဲ၌ “ရက္ခိတလမ်းစဉ်အတိုင်း လိုက်ပါဆောင်ရွက်၍ NLD အစိုးရ၏ အုပ်ချုပ်မှုယန္တရားကို ဆက်လက်မထမ်းဆောင်ဘဲ မိမိဆန္ဒအလျှောက် နုတ်ထွက်ကာ ရက္ခိတ လမ်းစဉ်ကို ပူးပေါင်းဆောင်ရွက်ရန်” ဆိုပြီးရေးသားထားမှုများ ရှိနေသည်။

 ယင်းသို့ပေးပို့ခဲ့သည့် လူစာရင်းများထဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များသာမကဘဲ ရခိုင်ပြည်နယ် လွှတ်တော်မှ အကြီးအကဲများလည်း ပါဝင်နေသည်ကို တွေ့ရသည်။

 “ဒီစာကိုကြည့်ခြင်းအားဖြင့် ဒီစာက AA ရဲ့ အမှတ်တံဆိပ် သင်္ကေတမဟုတ်ပါဘူး။ အတုတွေပါ”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ဆိုသည်။ ၄င်း၏ အမည်လည်း လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် စာများထဲတွင် ပါဝင်နေသည်။

 အစိုးရအဖွဲ့အား နုတ်ထွက်ခိုင်းသည့်စာများသာမကဘဲ ကမ္ဘောဇဘဏ်နှင့် ဘင်္ဂါလီရွာများကိုလည်း (AA) မှ ဆက်ကြေးပေးရန် တောင်းခံသည့် စာများလည်း လူမှုကွန်ယက်စာမျက်နှာများတွင် ပြန့်နှံ့လာနေခဲ့ခြင်း ဖြစ်သည်။

အဆိုပါစာများသည် ဇန်နဝါရီလ ၂၈ ရက် ညပိုင်းမှ စတင်ကာ လူမှုကွန်ယက်တွင် စတင်ပြန့်နှံ့လာခဲ့ခြင်းဖြစ်သည်။

March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...