မှော်ဘီက မြေစာရင်းဝန်ထမ်းနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ

မှော်ဘီက မြေစာရင်းဝန်ထမ်းနှစ်ဦးကို အဂတိလိုက်စားမှုဖြင့် အရေးယူ

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်မှ မြေစာရင်း လက်ထောက်ဦးစီးမှူးနှင့် မြေတိုင်းစာရေးတစ်ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဇန်နဝါရီ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

မှော်ဘီမြို့နယ်အတွင်းရှိ စားကျက်မြေများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ချထားပေးမည်ဟု ပြောဆိုခဲ့ပြီး လာဘ်ငွေရယူခဲ့ခြင်းကြောင့် မှော်ဘီမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ် တို့ကို အရေးယူခဲ့ခြင်းဖြစ်သည်။

မှော်ဘီမြို့နယ် ပတ်တန်းကျေးရွာရှိ  မပယ်ဖျက်ရသေးသည့် စားကျက်မြေ ဧက(၁၄၀)ခန့် အတွင်း၌ နေထိုင်ကြသည့် တောင်သူများထံမှ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ချထားပေးမည်ဟု ပြောဆိုခဲ့ပြီး ငွေတောင်းခံသွားခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုင်ကြားချက်ကြောင့် ကော်မရှင်မှ စစ်ဆေးခဲ့ရာ တောင်သူများထံမှ ငွေကျပ် တစ်ဆယ့်ငါးသိန်း ငါးသောင်းတိတိ ကောက်ယူခဲ့ပြီး ယင်းအထဲမှ ငွေကျပ်(၈)သိန်း ကို လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းက ရယူခဲ့ကာ မြေတိုင်း-၄ ဦးဇော်အေးလတ်သည် ငွေကျပ်(၃)သိန်း ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ယင်းအတွက်ကြောင့် လက်ထောက်ဦးစီးမှူး ဦးအောင်စိုးလင်းနှင့် မြေတိုင်း-၄ ဦးဇော်အေးလတ် တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မှော်ဘီမြို့မရဲစခန်းတွင် ဇန်နဝါရီ ၂၈ ရက်နေ့က သတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး အရေးယူခဲ့သည်ဟု ကော်မရှင်က သတင်းပေးထုတ်ပြန်ထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်ချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...